Photography Editing & Retouching Online Class (Batch 5) ဖွင့်လှစ်မည်

ဆရာထူးဝေ (Ajax Click Photography) ရဲ့ အွန်လိုင်းမှ သင်ကြားပေးမယ့် Photography Editing & Retouching Online Class (Batch 5) ကို နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ၄၅ ရက် သင်ကြားပို့ချမှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

သင်တန်းမှာ Photographer များနဲ့ Retoucher များ အလုပ်လုပ်ရာမှာ အဓိကလိုအပ်တဲ့ Skin Retouching (High End) , Tone Mapping , Dodge & Burn , Blur Background, Logo Brush, Luminosity Mask , Landscape Color Grading & Advanced Color Grading ပုံအလင်းအမှောင်ကို မိမိစိတ်ကြိုက် ခြယ်လှယ်နိုင်ဖို့ စနစ်တကျ သိရှိနားလည်စေရန် သင်ခန်းစာ အကြောင်းအရာများနဲ့အတူ (Nik Collection, Liquify, Layer Mask & Layer Manage သင်ခန်းစာများ အပါအဝင် သင်ခန်းစာကဏ္ဍပေါင်း (၂၀) ခန့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်ကြားမှု ပုံစံကတော့ Facebook Private Group ဖွဲ့ပြီး သင်ခန်းစာ Screen Recording Video Files များကို တင်ပေးခြင်း၊ Facebook Group Messenger တွေ အသံဖိုင်များဖြင့် ဆွေးနွေးဖြေကြားပေးခြင်း၊ သင်တန်းအတွက် လိုအပ်တဲ့ သင်ထောက်ကူ software များ, Stock image များ၊ Raw Image Files များကို သင်တန်းမှ ထောက်ပံ့ပေးခြင်း နဲ့ သင်ခန်းစာတစ်ခုပြီးတိုင်း assignment ပုံများကို ပြန်လည်ပေးပို့ရခြင်း၊ မိမိတင်ရှိတဲ့ assignment ပုံများရဲ့ လိုအပ်ချက်တွေကို ဆရာမှပြန်လည် Comment ပြုခြင်းများ၊ တစ်ပတ်လျှင် (၁) ကြိမ် Zoom Cloud Meeting အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ပါဝင်ပါတယ်။

သင်တန်းချိန်ကတော့ တစ်ရက်ကို နှစ်နာရီကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ရှစ်သောင်းခွဲကျပ် ဖြစ်ပြီး အသေးစိတ်ကို Ajax Click Photography ဖုန်း – 09 453 336221, 09 453 336226 ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««