Photography Editing & Retouching အွန်လိုင်းသင်တန်း အမှတ်စဉ် (၆) ဖွင့်လှစ်မည်

ဆရာထူးဝေ (Ajax Click Photography) ရဲ့ အွန်လိုင်းမှ သင်ကြားပေးမယ့် Photography Editing & Retouching အွန်လိုင်းသင်တန်း အမှတ်စဉ် (၆) ကို ဇန်နဝါရီ ၁၅ ရက် မှ ဖေဖော်ဝါရီ ၃၀ ရက်အထိ ၄၅ ရက်ကြာသင်ကြားပို့ချမှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ Photographer တွေနဲ့ Retoucher တွေအလုပ်လုပ်ရာမှာ အဓိက လိုအပ်တဲ့ Skin Retouching (High End) , Tone Mapping , Dodge & Burn , Blur Background, Logo Brush, Luminosity Mask , Landscape Color Grading & Advanced Color Grading ၊ ပုံအလင်းအမှောင်ကို မိမိစိတ်ကြိုက် ချယ်လှယ်နိုင်ဖို့ စနစ်တကျ သိရှိနားလည်စေရန် သင်ခန်းစာ အကြောင်းအရာတွေနဲ့ အတူ Nik Collection, Liquify, Layer Mask & Layer Manage သင်ခန်းစာ များ အပါအဝင် သင်ခန်းစာကဏ္ဍပေါင်း (၂၀) နဲ့ သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားမှု ပုံစံကတော့ Facebook Private Group ဖွဲ့ပြီး သင်ခန်းစာ Screen Recording Video Files တွေကို တင်ပေးခြင်း၊ Facebook Group Messenger မှာ အသံဖိုင်တွေနဲ့ ဆွေးနွေးဖြေကြားပေးခြင်း၊ သင်တန်းအတွက် လိုအပ်သောသင်ထောက်ကူ Software များ, Stock Image များ၊ Raw Image Files တွေကို သင်တန်းမှ ထောက်ပံ့ပေးခြင်း နဲ့ သင်ခန်းစာတစ်ခုပြီးတိုင်း Assignment ပုံတွေကို ပြန်လည်ပေးပို့ရခြင်း၊ မိမိတင်ရှိသော Assignment ပုံများ၏ လိုအပ်ချက်များကို ဆရာမှပြန်လည် Comment ပြုခြင်းများ၊ တစ်ပတ်လျှင်တစ်ကြိမ် Zoom Cloud Meeting အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ တွေပါဝင်ပါတယ်။

သင်တန်းချိန်ကတော့ တစ်ရက်ကို နှစ်နာရီကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၈၅,၀၀၀ ကျပ်ဖြစ်ပြီး အသေးစိတ်ကို Ajax Click Photography ဖုန်း – ၀၉ ၄၅၃၃၃၆၂၂၁ နဲ့ ၀၉၄၅၃၃၃၆၂၂၆ မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««