Photoflare ကို Ubuntu OS တွင်ထည့်သွင်းခြင်း

Photoflare ဆိုတာကတော့ Ubuntu OS မှာ ဓာတ်ပုံတွေ ပြင်ဆင်နိုင်အောင် အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Photoflare ကို Ubuntu OS 18.04 နဲ့ 19.10 မှာ ထည့်သွင်းချင်သူတွေ အ‌နေနဲ့ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Photoflare ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Photoflare ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:photoflare/photoflare-stable

sudo apt install photoflare

ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီးတစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အသုံးမပြုချင်တော့လို့ ပြန်လည်ဖယ်ရှားမယ်ဆိုရင် sudo apt remove photoflare ဆိုတဲ့ command နဲ့ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ