Photo Tangler (iOS)

$ 2.99 == > Free (Limited Time)

Photo Tangler ဆိုတဲ့ app ဟာ မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတာကို ဝါသနာပါသူတွေအတွက်တော့ အသုံးဝင်မယ့် app ဖြစ်ပါတယ်။ ဒီ app ဟာ ဓာတ်ပုံတွေကိုရိုက်ကူးပြီး ပိုမိုကောင်းမွန်တဲ့ ပုံတွေကိုရရှိအောင် ပြန်လည်ပြင်ဆင်နိုင်မယ့် tool တွေကိုထည့်သွင်းပေးထားပါတယ်။

အဆိုပါ app ကို အရင်က App Store မှာ ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာအသုံးပြုနိုင်မှာဖြစ်ပေမယ့် အခုအခါ အချိန်အကန့်အသတ်နဲ့ အခမဲ့ download လုပ်ခွင့်ပေးထားပါတယ်။ iOS version 8.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ