Photo Organizer

ဖုန်းထဲမှာ ဓာတ်ပုံတွေကို အချက်အလက်နဲ့တွဲပြီး အမျိုးအစားအလိုက် စနစ်တကျ သိမ်းဆည်းနိုင်မယ့် App ဖြစ်ပါတယ်။ ဓာတ်ပုံအုပ်စုအလိုက် A ကနေ Z အနေနဲ့ ကိုယ်တိုင်စိတ်ကြိုက် ဖန်တီးသိမ်းဆည်းနိုင်မှာဖြစ်ပြီး ပုံပေါင်း ၅ဝဝ အထိ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ App သုံးသူအချင်းချင်း အွန်လိုင်းချိတ်ဆက်ပြီး ဓာတ်ပုံနဲ့ အချက်အလက်တွေကို ကုတ်နံပါတ်ပေးပို့ကာ မျှဝေသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း