Phoenix Point

[ Zawgyi ]

တိုက္ခိုက္ေရးဆန္ဆန္ ကစားရေပမယ့္ တကယ္တမ္း ဗ်ဴဟာေကာင္းေကာင္းခ်ႏုိင္မွ အႏုိင္ရမယ့္ အသစ္ထြက္ ဂိမ္းသစ္ Phoenix Point နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ကမ႓ာေပၚကို ၿဂိဳဟ္သားေတြ ေရာက္လာတယ္၊ ဒီၿဂိဳဟ္သားေတြကို တိုက္ခိုက္ေအာင္ျမင္ေအာင္ ကစားရမယ့္ဂိမ္းပါပဲ။ Console နဲ႔ဆိုရင္ Xbox One နဲ႔ပဲ ကစားႏုိင္ေသးေပမယ့္ ျပည္တြင္းမွာေတာ့ အမ်ားဆံုးကြန္ပ်ဴတာေတြနဲ႔ပဲ ကစားေနတာေၾကာင့္ အခုဂိမ္းက macOS ရယ္ Wins စနစ္ေတြနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားလို႔ သေဘာက်စရာပါ။

Single အေနနဲ႔ပဲ ကစားႏုိင္ မယ္။ ကစားသူက Phoenix Point ဆိုတဲ့ အေျခစိုက္ စခန္းကေန က်န္ရွိေနတဲ့ လူသားေတြကို ဦးေဆာင္ၿပီး ၿဂိဳလ္သားေတြကို ရင္ဆိုင္တိုက္ခိုက္ရမွာပါ။ မိမိကုိယ္တိုင္ ဝင္ေရာက္တိုက္ခိုက္မႈလည္း လုပ္ေဆာင္ရမယ္၊ မိမိရဲ႕တပ္ဖြဲ႕ကိုလည္း ဦးေဆာင္ၿပီး အႏုိင္ရေအာင္ တိုက္ခိုက္ရမယ္၊ ၿပီးေတာ့ မွန္ကန္တဲ့ လက္နက္ တပ္ဆင္မႈေတြလည္း လုပ္ေဆာင္ရမယ္၊ ၿဂိဳဟ္သားေတြ အေၾကာင္းကို ေလ့လာမႈေတြ လုပ္ေဆာင္ၿပီး မွန္ကန္တဲ့ လက္နက္ေတြနဲ႔ ေရြးခ်ယ္ပစ္ခတ္ေစမႈေတြေရာ၊ လက္နက္အသစ္ ဖန္တီးမႈနဲ႔အတူ မွန္ကန္တဲ့ ေနရာေတြကို ပစ္ခတ္ေစမႈေတြပါ လုပ္ေဆာင္ရမွာပါ။ ၿဂိဳဟ္သားအသစ္ေတြ ေတြ႕ရွိတိုင္း သူတို႔ အေၾကာင္းကိုေလ့လာရမယ္၊ အားနည္းခ်က္ကို ရွာရမယ္၊ အားနည္းခ်က္ ေနရာကို မွန္ကန္တဲ့ လက္နက္နဲ႔ တိုက္ခိုက္မႈ လုပ္ေဆာင္မယ္ ဆိုရင္ေတာ့ သင့္အတြက္ အလြယ္တကူအႏုိင္ရေစမွာပါ။

ကစားရမႈအပိုင္းမွာ Mode ပံုစံနဲ႔ ၿမိဳ႕တြင္း ဝင္ေရာက္လာတဲ့ ၿဂိဳဟ္သားေတြကို တပ္ဖြဲ႕လိုက္ စုေပါင္းခံစစ္ အေနအထား ရင္ဆိုင္ရမႈလည္းရွိမယ္၊ ဒါမွမဟုတ္ ၿဂိဳဟ္သားတစ္ေကာင္ခ်င္းစီနဲ႔ တစ္ဦးခ်င္း တိုက္ခိုက္ အႏုိင္ရေအာင္ ကစားရမႈ စသျဖင့္ Mode ေတြ ေရြးခ်ယ္ကစားႏုိင္ဦးမွာလည္း ျဖစ္ပါတယ္။ ကစားေနခ်ိန္အတြင္း ၿဂိဳဟ္သားအေရအတြက္က မိမိတို႔ပစ္ခတ္ သတ္ျဖတ္မႈေၾကာင့္ ေလ်ာ့နည္းသြားတာ မွန္ေပမယ့္ ကစားခ်ိန္ ၾကာလာေလေလ ၿဂိဳဟ္သားေတြရဲ႕ တိုက္ခိုက္မႈက ပိုမိုျမန္ဆန္လာၿပီးတိုက္ခိုက္ ရပိုမိုခက္လာမယ္၊ ကစားသူနဲ႔
တပ္ဖြဲ႕ကေတာ့ ၿဂိဳဟ္သားေတြကို ပစ္ခတ္သတ္ျဖတ္ႏုိင္ေပမယ့္ လက္ေတြ႕ ဘ၀ဆန္ဆန္အတိုင္းပဲ ကစားခ်ိန္ ၾကာလာတာနဲ႔အမွ် လူသားေတြလို လုပ္အားႏႈန္း က်ဆင္းလာႏုိင္သလို ကစားအားက်ဆင္းလာႏုိင္လုိ႔ ဂိမ္းကစားရမႈက အခ်ိန္ၾကာလာေလေလ ပိုခက္ခဲလာေစတာ ေတြ႕ရပါတယ္။ အစပိုင္းမွာေတာ့ ရင္ဆိုင္ရတဲ့ ၿဂိဳဟ္သားအေရအတြက္ကမ်ားလို႔ ပစ္ခတ္ တိုက္ခိုက္ရ ပိုထိေရာက္တယ္၊ ကစားရတာ အႏုိင္ရဖို႔ လြယ္မယ္ ထင္ေစၿပီး ကစားလို႔ ပိုေကာင္းေစေပမယ့္ တကယ္တမ္း တိုက္ပြဲတစ္ခုေအာင္ဖို႔ ရင္ဆိုင္လာရၿပီဆိုရင္ေတာ့ အႏိုင္ရဖို႔ ခက္ခဲတာ ေတြ႕လာရပါတယ္။

ၿပီးေတာ့ ကစားသူကိုအႏုိင္ရဖုိ႔ ခက္ခဲေစတဲ့ အခ်က္တစ္ခ်က္ ရွိပါေသးတယ္။ အဲဒါကေတာ့ ရိကၡာပါပဲ။ ရိကၡာလုိ႔ အလြယ္ဆိုလိုက္ေပမယ့္ အစားအေသာက္ တစ္ခုတည္းကို ဆိုလိုတာမဟုတ္ ဘဲ က်ည္ဆံ၊ လက္နက္၊ ကုန္ၾကမ္း၊ အစားအေသာက္၊ အရင္းအျမစ္ အားလံုးကုိအကန္႔အသတ္နဲ႔ပဲ ေပးထားပါတယ္။ အဆိုပါ ေပးထားတ့ဲရိကၡာနဲ႔ လံုေလာက္ေအာင္ ႀကိဳးစားၿပီး ရန္သူကို အႏုိိင္ရေအာင္ တိုက္ခိုက္ရမွာပါ။ က်ည္ဆံေတြ ႀကိဳက္သေလာက္သံုး၊ အခ်ိန္ႀကိဳက္သေလာက္ယူၿပီးႏုိင္ဖို႔ အဓိကကစားလို႔ မရေတာ့ပါဘူး။ အရာရာခ်ိန္ဆၿပီး လူသားမ်ိဳးႏြယ္ကို ဆက္လက္ ရွင္သန္ႏုိင္ေအာင္ သင့္မွာတာ၀န္ရွိလာေတာ့မွာပါ။ သင္ဟာ လူသားတပ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္ေကာင္းျဖစ္လုိ႔ အရည္အခ်င္း အျပည့္ရွိရဲ႕လားဆိုတာ Phoenix Point စခန္းမွာ စမ္းသပ္ၾကည့္လိုက္ပါ။ အေျဖထြက္ လာပါလိမ့္မယ္။

[ Unicode ]

တိုက်ခိုက်ရေးဆန်ဆန် ကစားရပေမယ့် တကယ်တမ်း ဗျူဟာကောင်းကောင်းချနိုင်မှ အနိုင်ရမယ့် အသစ်ထွက် ဂိမ်းသစ် Phoenix Point နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ ကမ႓ာပေါ်ကို ဂြိုဟ်သားတွေ ရောက်လာတယ်၊ ဒီဂြိုဟ်သားတွေကို တိုက်ခိုက်အောင်မြင်အောင် ကစားရမယ့်ဂိမ်းပါပဲ။ Console နဲ့ဆိုရင် Xbox One နဲ့ပဲ ကစားနိုင်သေးပေမယ့် ပြည်တွင်းမှာတော့ အများဆုံးကွန်ပျူတာတွေနဲ့ပဲ ကစားနေတာကြောင့် အခုဂိမ်းက macOS ရယ် Wins စနစ်တွေနဲ့ ကစားနိုင်အောင် ဖန်တီးထားလို့ သဘောကျစရာပါ။

Single အနေနဲ့ပဲ ကစားနိုင် မယ်။ ကစားသူက Phoenix Point ဆိုတဲ့ အခြေစိုက် စခန်းကနေ ကျန်ရှိနေတဲ့ လူသားတွေကို ဦးဆောင်ပြီး ဂြိုလ်သားတွေကို ရင်ဆိုင်တိုက်ခိုက်ရမှာပါ။ မိမိကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မှုလည်း လုပ်ဆောင်ရမယ်၊ မိမိရဲ့တပ်ဖွဲ့ကိုလည်း ဦးဆောင်ပြီး အနိုင်ရအောင် တိုက်ခိုက်ရမယ်၊ ပြီးတော့ မှန်ကန်တဲ့ လက်နက် တပ်ဆင်မှုတွေလည်း လုပ်ဆောင်ရမယ်၊ ဂြိုဟ်သားတွေ အကြောင်းကို လေ့လာမှုတွေ လုပ်ဆောင်ပြီး မှန်ကန်တဲ့ လက်နက်တွေနဲ့ ရွေးချယ်ပစ်ခတ်စေမှုတွေရော၊ လက်နက်အသစ် ဖန်တီးမှုနဲ့အတူ မှန်ကန်တဲ့ နေရာတွေကို ပစ်ခတ်စေမှုတွေပါ လုပ်ဆောင်ရမှာပါ။ ဂြိုဟ်သားအသစ်တွေ တွေ့ရှိတိုင်း သူတို့ အကြောင်းကိုလေ့လာရမယ်၊ အားနည်းချက်ကို ရှာရမယ်၊ အားနည်းချက် နေရာကို မှန်ကန်တဲ့ လက်နက်နဲ့ တိုက်ခိုက်မှု လုပ်ဆောင်မယ် ဆိုရင်တော့ သင့်အတွက် အလွယ်တကူအနိုင်ရစေမှာပါ။

ကစားရမှုအပိုင်းမှာ Mode ပုံစံနဲ့ မြို့တွင်း ဝင်ရောက်လာတဲ့ ဂြိုဟ်သားတွေကို တပ်ဖွဲ့လိုက် စုပေါင်းခံစစ် အနေအထား ရင်ဆိုင်ရမှုလည်းရှိမယ်၊ ဒါမှမဟုတ် ဂြိုဟ်သားတစ်ကောင်ချင်းစီနဲ့ တစ်ဦးချင်း တိုက်ခိုက် အနိုင်ရအောင် ကစားရမှု စသဖြင့် Mode တွေ ရွေးချယ်ကစားနိုင်ဦးမှာလည်း ဖြစ်ပါတယ်။ ကစားနေချိန်အတွင်း ဂြိုဟ်သားအရေအတွက်က မိမိတို့ပစ်ခတ် သတ်ဖြတ်မှုကြောင့် လျော့နည်းသွားတာ မှန်ပေမယ့် ကစားချိန် ကြာလာလေလေ ဂြိုဟ်သားတွေရဲ့ တိုက်ခိုက်မှုက ပိုမိုမြန်ဆန်လာပြီးတိုက်ခိုက် ရပိုမိုခက်လာမယ်၊ ကစားသူနဲ့
တပ်ဖွဲ့ကတော့ ဂြိုဟ်သားတွေကို ပစ်ခတ်သတ်ဖြတ်နိုင်ပေမယ့် လက်တွေ့ ဘဝဆန်ဆန်အတိုင်းပဲ ကစားချိန် ကြာလာတာနဲ့အမျှ လူသားတွေလို လုပ်အားနှုန်း ကျဆင်းလာနိုင်သလို ကစားအားကျဆင်းလာနိုင်လို့ ဂိမ်းကစားရမှုက အချိန်ကြာလာလေလေ ပိုခက်ခဲလာစေတာ တွေ့ရပါတယ်။ အစပိုင်းမှာတော့ ရင်ဆိုင်ရတဲ့ ဂြိုဟ်သားအရေအတွက်ကများလို့ ပစ်ခတ် တိုက်ခိုက်ရ ပိုထိရောက်တယ်၊ ကစားရတာ အနိုင်ရဖို့ လွယ်မယ် ထင်စေပြီး ကစားလို့ ပိုကောင်းစေပေမယ့် တကယ်တမ်း တိုက်ပွဲတစ်ခုအောင်ဖို့ ရင်ဆိုင်လာရပြီဆိုရင်တော့ အနိုင်ရဖို့ ခက်ခဲတာ တွေ့လာရပါတယ်။

ပြီးတော့ ကစားသူကိုအနိုင်ရဖို့ ခက်ခဲစေတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ ရိက္ခာပါပဲ။ ရိက္ခာလို့ အလွယ်ဆိုလိုက်ပေမယ့် အစားအသောက် တစ်ခုတည်းကို ဆိုလိုတာမဟုတ် ဘဲ ကျည်ဆံ၊ လက်နက်၊ ကုန်ကြမ်း၊ အစားအသောက်၊ အရင်းအမြစ် အားလုံးကိုအကန့်အသတ်နဲ့ပဲ ပေးထားပါတယ်။ အဆိုပါ ပေးထားတဲ့ရိက္ခာနဲ့ လုံလောက်အောင် ကြိုးစားပြီး ရန်သူကို အနိုိင်ရအောင် တိုက်ခိုက်ရမှာပါ။ ကျည်ဆံတွေ ကြိုက်သလောက်သုံး၊ အချိန်ကြိုက်သလောက်ယူပြီးနိုင်ဖို့ အဓိကကစားလို့ မရတော့ပါဘူး။ အရာရာချိန်ဆပြီး လူသားမျိုးနွယ်ကို ဆက်လက် ရှင်သန်နိုင်အောင် သင့်မှာတာဝန်ရှိလာတော့မှာပါ။ သင်ဟာ လူသားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကောင်းဖြစ်လို့ အရည်အချင်း အပြည့်ရှိရဲ့လားဆိုတာ Phoenix Point စခန်းမှာ စမ်းသပ်ကြည့်လိုက်ပါ။ အဖြေထွက် လာပါလိမ့်မယ်။