PewDiePie ဗီဒီယိုတွေကို YouTube မှာပဲ ကြည့်နိုင်တော့မယ်

YouTube ပေါ်က ဂိမ်းဗီဒီယိုတွေ ဖန်တီးသူ PewDiePie လို့လူသိများတဲ့ ဖိလစ်ကယ်ဘတ်ဟာ YouTube ပေါ်မှာ ပဲ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မယ့် သီးသန့်စာချုပ်ကို ကုမ္ပဏီနဲ့ ချုပ်ဆိုလိုက်ပါတယ်။ ကယ်ဘတ်ဟာ blockchain အခြေခံ တိုက်ရိုက်ထုတ်လွှင့်မှုဆိုက် DLive မှာပဲ သီးသန့်ထုတ်လွှင့်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက် ထွက်ပြီး တစ်နှစ်အကြာမှာတော့ ကယ်ဘတ်က YouTube သီးသန့်စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။

“တိုက်ရိုက်ထုတ်လွှင့်မှုက ၂၀၂၀ အတွင်း ကျွန်တော်အာရုံစိုက်နေတဲ့ အရာဖြစ်ပါတယ်။ YouTube နဲ့ပူးပေါင်းပြီး ထုတ်ကုန်သစ် feature တွေရဲ့ မျက်နှာစာမှာ နေရတာ ထူးခြားပါတယ်။ အနာဂတ်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်” လို့ ကယ်ဘတ်က ပြောခဲ့ပါတယ်။

လတ်တလောမှာ YouTube က ငွေကြေးတော်တော်သုံးစွဲနေပါတယ်။ YouTube အနေနဲ့ နာမည်ကျော် ကြယ်ပွင့်တွေဖြစ်တဲ့ CouRage, Typical Gamer နဲ့ Valkrae တို့နဲ့ သီးသန့်စာချုပ်တွေ ချုပ်ဆိုထားပါတယ်။ YouTube ကပဲ တိုက်ရိုက်ထုတ်လွှင့်သူတွေကို ဆွဲဆောင်နေတာမဟုတ်ပါဘူး။ Mixer, Twitch နဲ့ Facebook တို့ကလည်း ဂိမ်းလောကထဲဝင်ရောက်လာပါတယ်။

စိုးထက်
Ref: TheVerge

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .