Pepito လို႔ေခၚတဲ့ Palm ဖုန္းသစ္က ဘတ္ဂ်က္ဖုန္း ျဖစ္ႏိုင္ဖြယ္ရိွ

[Zawgyi]

Palm အမွတ္တံဆိပ္ကို ပိုင္ဆိုင္တဲ့ TCL ဟာ Palm စမတ္ဖုန္းသစ္တစ္မ်ိဳး ျဖန္႔ခ်ိသြားဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သတင္းက ဒီႏွစ္အေစာပိုင္းမွာ ထြက္ေပၚခဲ့ပါတယ္။ အခုအခါမွာေတာ့ FCC ဝက္ဘ္ဆိုက္ စာရင္းအရ အဆိုပါ Palm စမတ္ဖုန္းသစ္ကို ေတြ႕ျမင္ရဖို႔ တျဖည္းျဖည္း နီးကပ္ေနပါၿပီ။ ဒါ့အျပင္ အဲ့ဒီ စမတ္ဖုန္းသစ္ကို Palm Pepito လို႔ေခၚဆိုဖြယ္ရိွေၾကာင္း Bluetooth SIG ရဲ႕ စာရြက္စာတမ္းေတြမွာ ေဖာ္ျပထားပါတယ္။

FCC ရဲ႕စာရင္းမွာ အဆိုပါဖုန္း (ေမာ္ဒယ္နံပါတ္ PVG100) ရဲ႕ အခ်က္အလက္ အနည္းငယ္ကိုပဲ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ဖုန္းရဲ႕ေက်ာဘက္မွာေတာ့ “designed by Palm in San Francisco” ဆိုၿပီး ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ဒီဖုန္းမွာ 5Ghz Wi-Fi အေထာက္အပံ့ မပါဝင္ဘဲ Android 8.1 နဲ႔ တင္ပို႔ေရာင္းခ်သြားမယ္လို႔ ေဖာ္ျပထားပါတယ္။ 5Gh W-Fi အေထာက္အပံ့ဟာ ေစ်းႀကီးတဲ့ဖုန္းေတြမွာသာ ပါဝင္တာေၾကာင့္ ဒီဖုန္းက ဘတ္ဂ်က္ဖုန္းတစ္မ်ိဳး ျဖစ္ႏိုင္ဖြယ္ရိွတယ္လို႔ ယူဆရပါတယ္။

အရင္ထြက္ေပၚခဲ့တဲ့ သတင္းေတြအရ Pam အမွတ္တံဆိပ္ စမတ္ဖုန္းသစ္ကို ဒီႏွစ္ ဒုတိယႏွစ္ဝက္မွာ Verizon ကြန္ရက္ေပၚကေန ေရာင္းခ်သြားဖြယ္ရိွတယ္လို႔ သိရပါတယ္။

Ref: AndroidAuthority

-ေနာင္ေနာင္

[Unicode]

Palm အမှတ်တံဆိပ်ကို ပိုင်ဆိုင်တဲ့ TCL ဟာ Palm စမတ်ဖုန်းသစ်တစ်မျိုး ဖြန့်ချိသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းက ဒီနှစ်အစောပိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ FCC ဝက်ဘ်ဆိုက် စာရင်းအရ အဆိုပါ Palm စမတ်ဖုန်းသစ်ကို တွေ့မြင်ရဖို့ တဖြည်းဖြည်း နီးကပ်နေပါပြီ။ ဒါ့အပြင် အဲ့ဒီ စမတ်ဖုန်းသစ်ကို Palm Pepito လို့ခေါ်ဆိုဖွယ်ရှိကြောင်း Bluetooth SIG ရဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

FCC ရဲ့စာရင်းမှာ အဆိုပါဖုန်း (မော်ဒယ်နံပါတ် PVG100) ရဲ့ အချက်အလက် အနည်းငယ်ကိုပဲ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဖုန်းရဲ့ကျောဘက်မှာတော့ “designed by Palm in San Francisco” ဆိုပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီဖုန်းမှာ 5Ghz Wi-Fi အထောက်အပံ့ မပါဝင်ဘဲ Android 8.1 နဲ့ တင်ပို့ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။ 5Gh W-Fi အထောက်အပံ့ဟာ စျေးကြီးတဲ့ဖုန်းတွေမှာသာ ပါဝင်တာကြောင့် ဒီဖုန်းက ဘတ်ဂျက်ဖုန်းတစ်မျိုး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Pam အမှတ်တံဆိပ် စမတ်ဖုန်းသစ်ကို ဒီနှစ် ဒုတိယနှစ်ဝက်မှာ Verizon ကွန်ရက်ပေါ်ကနေ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: AndroidAuthority

-နောင်နောင်