People, Process and Technology alignment for Logistics Management ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ People, Process and Technology alignment for Logistics Management ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို အောက်တိုဘာ ၁၇ ရက်၊ နေ့လယ် ၁:၃၀ မှ ၃:၃၀ အထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ ဦးအောင်ကိုကိုသက်နဲ့ ဦးသက်နိုင်စိုးက WebinarJam (Online Platform) ကို အသုံးပြုပြီး ဆွေးနွေးဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားသည့် မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/sig2 တွင် Register ဝင်ရောက်ပြုလုပ်နိုင်ပြီး ပွဲနေ့ မတိုင်မီ Register ပြုလုပ်ပါက ပြုလုပ်ပြီးသည်နှင့် မိမိတို့ထည့်သွင်းထားသည့် email သို့ Live Room Link ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Live Room Link ကို ဟောပြောပွဲကျင်းပတဲ့နေ့မှာ နှိပ်ပြီး တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဟောပြောပွဲကျင်းပတဲ့နေ့မှာ Register ပြုလုပ်မယ့်သူတွေကတော့ Register ပြုလုပ်ပြီးတာနဲ့ Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««