[ Zawgyi ]
sudo apt-get -f install
-သီဟ
[ Unicode ]
Peek ဆိုတာကတော့ Ubuntu OS မှာ Animated GIF တွေကို ဖန်တီးနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ကိုယ် record လုပ်ချင်တဲ့နေရာတွေကို သတ်မှတ်ပြီး animated GIF ကို ဖန်တီးနိုင်အောင် စီစဉ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။
Ubuntu OS မှာ Peek ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။ Peekကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြု ရမယ့် command တွေကတော့ –
wget https://github.com/phw/peek/releases/download/v0.8.0/peek-0.8.0-Linux.deb
sudodpkg -i peek-0.8.0-Linux.deb
sudo apt-get -f install
ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ package
တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေး သွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Peek ဆော့ဖ်ဝဲ ကို
ထည့်သွင်းတဲ့ အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။