Pathway to Nursing Degree at the University of Dundee and working in the UK ခေါင်းစဥ်ဖြင့် အွန်လိုင်း ဆွေးနွေးပွဲ ပြုလုပ်မည်

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့ ပြင်ဆင်ပေးတဲ့ Oxford International Education မှ တာဝန်ခံကိုဖိတ်ခေါ်ပြီး Pathway to Nursing Degree at the University of Dundee and working in the UK ခေါင်းစဉ်နဲ့ အွန်လိုင်းပညာရေးဆွေးနွေးပွဲကို Regent Education Group မှ ကြီးမှူးကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက် ညနေ ၃ နာရီမှာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပြီး ဆွေးနွေးပွဲကို UK & US နိုင်ငံကို သွားရောက် ပညာသင်ကြားလိုတဲ့ ၁၀ တန်း ဖြေဆိုအောင်မြင်ထားသူတွေ IGCSE ဖြေဆိုအောင်မြင်ထားသူတွေ ၊ American High School Diploma ဖြေဆိုအောင်မြင်ထားသူတွေ၊ A-Level အောင်မြင်ထားသူတွေ၊ IB Diploma အောင်မြင်ထားသူတွေ၊ NCC, HND, abe Diploma ရရှိထားသူတွေ၊ တက္ကသိုလ်တက်ရောက်နေသူတွေ၊ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ https://forms.gle/nHk5eLoUDiRXeN8D6 မှာကြိုတင်စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်ကို Regent Consultancy Services Co., Ltd (Yangon) ဖုန်း – ၀၉-၅၀-၁၉၈၇၀ နဲ့ ၀၉-၇၈၅၀-၁၉၈၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ