Past, present and future of GIS ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Past, present and future of GIS” ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ဒီဇင်ဘာ ၁၅ ရက်၊ နေ့လယ် ၁:၃၀ မှ ၃ နာရီအထိ WebinarJam (Online Platform) အသုံးပြုကာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

GIS Coordinator ဒေါက်တာကျော်ဆန်းဦးက ဆွေးနွေး ဟောပြောသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ http://tiny.cc/SIG8 မှာ Register ဝင်ရောက်ပြုလုပ်နိုင်ပြီး ပွဲနေ့ မတိုင်မီ Register ပြုလုပ်ပါက ပြုလုပ်ပြီးတာနဲ့ မိမိတို့ ထည့်သွင်းထားတဲ့ email ကို Live Room Link ရောက်ရှိမှာ ဖြစ်ပါတယ်။

Live Room Link ကို ဆွေးနွေးပွဲနေ့မှာ နှိပ်ပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲနေ့မှာ Register ပြုလုပ်မယ့်သူတွေကတော့ Register ပြုလုပ်ပြီးတာနဲ့ Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ ပွဲသို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««