Parole ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Parole ဆိုတာကတော့ Ubuntu OS ပေါ်မှာ သုံးစွဲနိုင်မယ့် media player ဆော့ဖ်ဝဲတစ်ခု ပဲဖြစ်ပါတယ်။ Parole media player ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း
ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Parole ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Parole ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:ubuntuhandbook1/apps

sudo apt update

sudo apt install parole

ဆိုတဲ့ command တွေကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အသုံး မပြုလိုတော့လို့ ပြန်လည် ဖယ် ရှားမယ်ဆိုရင် sudo add-apt-repository –remove ppa:ubuntuhandbook1/apps sudo apt remove –auto-remove parole ဆိုတဲ့ command တွေနဲ့ ပြန်လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ