Panna Institute ႏွင့္ အိုင္တီနည္းပညာ အသုံးျပဳႏိုင္ေရးဆိုင္ရာ ကိစၥရပ္မ်ားေဆြးေႏြးခဲ့

[ Zawgyi ]

ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒၊ လႊတ္ေတာ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဆိုင္ရာ ေပါင္းစပ္ ၫွိႏႈိင္းေဆာင္႐ြက္ေရးအဖြဲ႕ (JCC) ဥကၠ႒ ဦးထြန္းထြန္းဟိန္ က Panna Institute ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ ဦးေဖေအာင္ဇင္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ကို ဇူလိုင္ ၃၁ ရက္ကေတြ႔ဆံုခဲ့တယ္ လို႔သိရပါတယ္။

အိုင္တီနည္းပညာ အသံုးျပဳႏိုင္ေရး ကိစၥရပ္ေတြအပါအဝင္ သတင္းအခ်က္အလက္ နည္းပညာ ပလက္ေဖာင္းေတြကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ သတင္းထုတ္ျပန္ပါတယ္။ Panna Institute အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေဒသဆုိင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရာမွာ မဲဆႏၵရွင္ျပည္သူေတြနဲ႔ ဆက္သြယ္မႈ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ အိုင္တီနည္းပညာ အသုံးျပဳႏိုင္ေရးဆိုင္ရာ ကိစၥရပ္ေတြ၊ လူမႈမီဒီယာႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ျပည္သူ႔ဆက္ဆံေရးက႑၊ ျပည္သူႏွင့္ စဥ္ဆက္မျပတ္ ထိေတြ႕ႏိုင္ေရးဆိုင္ရာ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဆိုင္ရာ ပလက္ေဖာင္း (ICT- Information and Communication Technology Platform ) စတဲ့ ေဆြးေႏြးပြဲမ်ား က်င္းပႏိုင္ေရးဆိုင္ရာ ကိစၥရပ္ေတြနဲ႔ စပ္လ်ဥ္းၿပီးအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္ အရသိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က Panna Institute ရဲ့ အမှုဆောင် အရာရှိချုပ် ဦးဖေအောင်ဇင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင် ၃၁ ရက်ကတွေ့ဆုံခဲ့တယ် လို့သိရပါတယ်။

အိုင်တီနည်းပညာ အသုံးပြုနိုင်ရေး ကိစ္စရပ်တွေအပါအဝင် သတင်းအချက်အလက် နည်းပညာ ပလက်ဖောင်းတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ Panna Institute အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အိုင်တီနည်းပညာ အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ လူမှုမီဒီယာနှင့် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ပြည်သူနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပလက်ဖောင်း (ICT- Information and Communication Technology Platform ) စတဲ့ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီးအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက် အရသိရပါတယ်။

-ထွန်းထွန်း