Panasonic PT-VMZ60 Projector

6000 Lumen Brightness လင်းအားရှိတဲ့ Projector Lamp အသုံးပြုထားပြီး သာမန်အလင်းရောင်ရှိတဲ့ နေရာတွေမှာ မီးပိတ်စရာမလိုဘဲ အသုံးပြုနိုင်မယ့် Panasonic PT-VMZ60 Projector ဖြစ်ပါတယ်။ ခန်းမ ၊စာသင်ခန်း၊ ပြတိုက်နဲ့ အစည်းအဝေးခန်းမ စတာတွေရဲ့ လိုအပ်ချက်မျိုးစုံနဲ့ ကိုက်ညီမှုရှိတယ်လို့ သိရပါတယ်။Light source- Laser diodes, Display method- Transparent LCD panel (x 3, R/G/B) အခြေခံထားပြီး Max Brightness ကတော့ 6000 Lumens အထိ ရရှိမှာဖြစ်ပါတယ်။ Maximum Resolution – 2,304,000 (1920 x 1200) x 3, total of 6,912,000 pixels နဲ့ Contrast 3,000,000:1 (all white/all black) (PICTURE MODE: DYNAMIC, DYNAMIC CONTRAST: [1]) ရရှိနိုင်မှာ ဖြစ်ပါတယ်။ နာရီပေါင်း ၂၀၀၀၀ အထိ Light Source ကို အစားထိုး လဲလှယ်ပေးစရာမလိုခြင်း၊ဖုန်အရမ်းမထူထပ်တဲ့ အခန်းမျိုးထဲမှာ Projector ရဲ့ Eco-friendly Air Filter ဟာ နာရီပေါင်း ၂၀၀၀၀ အထိ လဲပေးစရာမလိုခြင်း၊ Eco-friendly Filter ကို လျှော်ပြီး နှစ်ကြိမ်အထိ ပြန်လည် အသုံးပြုနိုင်ခြင်း၊ 4K 30p Input Signal ကို လက်ခံပြသပေးနိုင်ခြင်း စတဲ့ အားသာချက်တွေ ပါဝင်ပါတယ်။ အသံထွက် အတွက် 10w Speaker ပါဝင်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၃၆၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။

Gandamar Business Solutions Co.,Ltd ဖုန်း ၀၁-၃၈၃၉၃၂,၃၈၃၉၃၄ (ရန်ကုန်)၊၀၉၄၅၀၄၄၇၇၁၁ (မန်း)၊ ၀၆၇-၄၂၁၂၁၂ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««