Panasonic Lumix GH5 Mirrorless Micro Four Thirds Digital Camera

အားသာချက်

ပြည်တွင်းစျေးကွက်ထဲမှာ ဝယ်ယူနိုင်တဲ့ ကင်မရာဖြစ်ပါတယ်။ 17.3 x 13 mmအရွယ်ရှိ Micro four Third MOS Sensor သုံးဖြစ်ပါတယ်။ Venus Engine Image Processor စနစ်ပါ ထောက်ပံ့ပေးထားပါတယ်။ 20.3MP ပါဝင်ပြီး ဓာတ်ပုံကို JPEG အပြင် RAW နဲ့ပါရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4k @30FPS နဲ့ရရှိမှာပါ။ ဓာတ်ပုံအနေနဲ့ Auto, 200 to 25600 (Extended: 100 to 25600) ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 12 fps ရှိပါတယ်။ အရည်အသွေး 1.62m-dot ထွက်ပြီး ၃.၂ လက်မအရွယ် Articulating Touchscreen RGBW LCD ထောက်ပံ့ပေးထားပါတယ်။ 3.86m-dot အရည်အသွေးရှိ OLED Live View Finder လည်းပါဝင်ပါတယ်။ Bluetooth နဲ့ Wifi ထောက်ပံ့ပေးထားလို့ ရိုက်ပြီးသမျှကို ဟန်းဆက်၊ Tablet တွေကို ချက်ချင်းမျှဝေနိုင်သလို ထိန်းချုပ်မှုတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Focus အနေနဲ့ Continuous-Servo AF (C), Flexible (AFF), Manual Focus (M), Single-Servo AF (S) ရရှိမှာဖြစ်ပြီး Point Contrast Detection: 225 အထိ ရရှိမှာ ဖြစ်ပါတယ်။

အားနည်းချက်

အလင်းပိုင်းပုံဖော်မှုတွေမှာ မလိုလားအပ်တဲ့ Noise များနိုင်ပါတယ်။ Auto Focus စနစ်မှာ အသုံးပြုရတာ အနည်းငယ် အူကြောင်ကြောင်နိုင်တယ်လို့ သုံးစွဲသူတချို့က မှတ်ချက်ချထားပါတယ်။

သုံးသပ်ချက်

ခရီးဆောင်စွယ်စုံသုံး ကင်မရာအနေနဲ့ အသုံးပြုနိုင်မယ့် ကင်မရာဖြစ်ပါတယ်။ 4K Resolution ဓာတ်ပုံနဲ့ Video ကို 60 p အထိ ရိုက်နိုင်တဲ့အပြင် 10 bit Internal ဖြစ်တဲ့ အတွက် ရုပ်ထွက် ပိုပြီး အဆင်ပြေစေပါတယ်။ Dual Image Stabilization က Lumix MFT lens တွေနဲ့ တွဲဖက်လိုက်တဲ့အခါမှာ ဘယ်လိုအနေအထားမျိုး မဆို အကောင်းဆုံးရိုက်ချက်တွေကို ဖန်တီးနိုင်စေပါတယ်။ Lumix 480 fps DFD focusing system နဲ့ Venus Engine က မြန်မြန်ဆန်ဆန်နဲ့ တိကျတဲ့ ရိုက်ချက်တွေကို ရရှိစေဖို့ ထောက်ပံ့ပေးထားပါတယ် ။ Focus ကိုလည်း ဓာတ်ပုံရိုက်ပြီးသွားမှ မိမိစိတ်ကြိုက် Focus Point ပြန်ချထားနိုင်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG နဲ့ရော RAW နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ UHD 4k @30fps နဲ့ရရှိမှာပါ ။ Shutter Speed အနေနဲ့ Electronic Front Curtain Shutter မှာ1/8000 to 60 Seconds ,1 to 30 Minutes in Bulb Mode ,1/16000 to 1/24 Second in Movie Mode ရရှိနိုင်ပြီး Electronic Shutter မှာ 1/16000 to 1 Second အထိ ရရှိနိုင်ပါတယ်။ Bult-in Flash အနေနဲ့ ထောက်ပံ့ပေးထားပြီး Auto, Auto/Red-Eye Reduction, Forced On, Forced On/Red-Eye Reduction, Off, Slow Sync, Slow Sync/Red-Eye Reduction စတာတွေ ပါဝင်သလို Hot shoe ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority Compensation: -5 EV to +5 EV (in 1/3 EV Steps) ပါဝင်ပြီး White Balance Modes မှာ Auto, Cloudy, Color Temperature, Daylight, Flash, Incandescent, Shade, White Set 1, White Set 2, White Set 3, White Set 4 တွေပါဝင်ပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted, Multi, Spot ပါဝင်ပါတယ်။ ချိတ်ဆက်မှုအတွက် 3.5mm Headphone, 3.5mm Microphone, 2.5mm Sub-Mini, HDMI A (Full Size), USB Type-C (USB 3.0), WiFi , BT ရရှိနိုင်ပါတယ်။

Card Slot နှစ်ခုပါဝင်ပြီး SD/SDHC/SDXC (UHS-II) ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ ၃.၂ လက်မအရွယ် Articulating Touchscreen RGBW LCD ကို ထောက်ပံ့ထားပါတယ်။ ဘက်ထရီအနေနဲ့ DMW-BLF19 Rechargeable Lithium-Ion, 7.2 VDC, 1860 mAh ဘက်ထရီ အသုံးပြုထားပါတယ်။။ ကိုယ်ထည်အရွယ်အစား 138.5 x 98.1 x 87.4 mm ရှိပြီး အလေးချိန် 725g ရှိပါတယ်။ ဝယ်ယူလိုပါက Lumix Myanmar ဖုန်း ၀၁ – ၈၆၀၄၆၅၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H