Panasonic Lumix DMC– FT30

အားသာချက်

ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ Panasonic Lumix DMC-FT30 အကြမ်းခံ ကင်မရာ ဖြစ်ပါတယ်။ ကြံ့ခိုင်ကျစ်လျစ်ပြီး အကြမ်းခံကိုယ်ထည်မှာ ရေစိုခံစွမ်းဆောင်ချက်တွေထည့်သွင်းပေးထားပါတယ်။ ၈ မီတာ အမြင့်က ပြုတ်ကျခံနိုင်စွမ်းနဲ့ ဖုန်ဒဏ်၊ အအေးဒဏ်ခံနိုင်စွမ်းတွေ ရှိပါတယ်။ ရေလုံတဲ့ စွမ်းဆောင်ချက်ကို မြှင့်တင်ထားတဲ့အတွက် ရေအောက် (၂၆) ပေအထိ စိတ်ချလက်ချ အသုံးပြုနိုင်မှာပါ။ 1/2.3″ အရွယ်ရှိ CCD Sensor သုံး ဖြစ်ပါတယ်။

Mega Optical Image Stabilizer စနစ်ပါ ထောက်ပံ့ပေးထားပါတယ်။

16.1MP ပါဝင်ပြီး ဓာတ်ပုံကို JPEG နဲ့ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ Video HD (1280 × 720) mono / 25 fps / 29 minutes / cut ရရှိမှာပါ။ ISO အနေနဲ့ 1600 အထိ ရရှိနိုင်ပြီး အရည်အသွေး 230K-dot ထွက်တဲ့ ၂.၇ လက်မအရွယ် LCD ထောက်ပံ့ပေးထားပါတယ်။ Lens အနေနဲ့ Aperture f/3.9 – f/5.7 စွမ်းဆောင်နိုင်တဲ့ 4x Lens 4.3 to 129mm ထောက်ပံ့ပေးထားလို့ 35mm မြင်ကွင်းနဲ့ဆိုရင် 25 to 108mm အထိ ရရှိနိုင်မှာပါ။ Micro ပုံတွေအတွက် 5cm အနီးကပ် ရိုက်နိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

ISO 1600 ပဲ ပေးထားလို့ အလင်းပိုင်းပုံဖော်မှုတွေမှာ မလိုလားအပ်တဲ့ Noise များနိုင်ပါတယ်။ FPS စွမ်းဆောင်မှုလည်း အရမ်းနည်းပါးတာ တွေ့ရသလို LCD အနေနဲ့လည်း ထိတွေ့စေခိုင်းနိုင်တာ၊ လှန်ပြီးအသုံးပြုနိုင်တာတွေ မတွေ့ရပါဘူး။

သုံးသပ်ချက်

ရေလုံ၊ မိုးလုံ အကြမ်းခံနိုင်ရည်ရှိတဲ့ ခရီးဆောင်စွယ်စုံသုံး ကင်မရာအနေနဲ့ အသုံးပြုနိုင်မယ့် Point & Shoot Level ကင်မရာတစ်လုံး ဖြစ်ပါတယ်။ အအေးဒဏ်ခံနိုင်ရည်နဲ့ ဖုံလုံတဲ့စွမ်းဆောင်ရည်တွေပါ ရှိပါတယ်။ Filter များစွာ ထောက်ပံ့ထားလို့ Creative ပုံ ၁၂ မျိုး စွမ်းဆောင်နိုင်မှာပါ။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG နဲ့ ရိုက်ကူးနိုင်ပါတယ်။ Video မှာ Video HD (1280 × 720) mono / 25 fps ရရှိမှာပါ ။ Shutter Speed အနေနဲ့ Maximum shutter speed မှာ 7.84 s မှာ ရရှိနိုင်သလို Minimum shutter speed မှာ 1/1,274 s အထိရပါတယ်။ Built-in Flash အနေနဲ့ ထောက်ပံ့ပေးထား ပါတယ်။ Creative Effect အတွက် Filter များစွာကို ထောက်ပံ့ပေးထားပါတယ်။

ချိတ်ဆက်မှု အပိုင်းကတော့ USB 2.0 interface ရရှိနိုင်ပြီး direct printing အတွက် DPOF (Digital Print Order format) နဲ့ PictBridge တွေထောက်ပံ့ပေးထားပါတယ်။

Internal Memory အနေနဲ့ 220MB ပါရှိပါတယ်။Card Slot တစ်ခုပါဝင်ပြီး SD, SDHC, SDXC ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ ၂.၇ လက်မ အရွယ် LCD ထောက်ပံ့ထားပါတယ်။ Panasonic DMW-BCK7Lithium-Ion Battery, 680 mAh ဘက်ထရီကို အသုံးပြုထားလို့ ရိုက်ချက် ၂၅၀ အထိ ရရှိမှာပါ။ ကိုယ်ထည်အရွယ်အစား 103.7 x 58.3 x 19.7 mm ဖြစ်ပြီး အလေးချိန် 144 g ရှိပါတယ်။ Lumix Myanmar ဖုန်း ၀၁- ၈၆၀၄၆၅၇ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ