Panasonic Lumix DC-S1H Mirrorless Digital Camera

တန်ဖိုး-USD 3997.99$

အားသာချက်

35.6 x 23.8 mm အရွယ်ရှိ Full Frame အရွယ်အစား CMOS Sensor ပါ၀င်ပြီး Venus Engine Image Processor ထောက်ပံ့ပေးထားပါတယ်။ 24.2Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ထူးခြားတာက ဗီဒီယိပိုင်းမှာ 6K ကို 24fps အထိ ရိုက်ကူးနိုင်မှာပါ။ ဒီစျေးနှုန်းက ကိုယ်ထည်သီးသန့်စျေးသာ ဖြစ်ပါတယ်။ JPEG File အတွက် Frame per second 9fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးဖို့အတွက် V-Log, Dual Native ISO, HFR with Sound စတာတွေထောက်ပံ့ပေးထားပါတယ်။ ISO Sensitivity က Auto, 100 to 51200 (Extended Mode:50 to 204800) စွမ်းဆောင်နိုင်ပါတယ်။ ၃.၂ လက်မအရွယ်ရှိ 2.33m-dot Free-Angle Tilting Touchscreen LCD ပါ၀င်ပြီး View finder အနေနဲ့ 5.76m-dot အရည်အသွေးရှိ 0.78x-Magnification OLED LVF ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် 1/8″ Headphone, 1/8″ Microphone, 2.5mm Sub-mini (2-Ring), HDMI A (Full Size), USB 3.0, USB Type-C, X-Sync Socket တို့ ပါ၀င်ပါတယ်။ ကြိုးမဲ့အတွက် Wi-Fi& Bluetooth စနစ်ကို ထည့်သွင်း ထောက်ပံပေးထားပါတယ်။ Focus အပိုင်းမှာ Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) စတာတွေ ရရှိနိုင်ပြီး Point အနေနဲ့ 225 Contrast-Detect တွေ ရရှိမှာ ဖြစ်ပါတယ်။ Lens Mount ကတော့ Leica L Mount ဖြစ်ပါတယ်။

အားနည်းချက်

အပြစ်ရှာကြံပြီး ပြောရမယ်ဆိုရင်တော့ သူနဲ့တွဲဖက်သုံးရမယ့် Lens အမျိုးအစားတွေက Leica L Mount ဖြစ်လို့ စျေးအနည်းငယ် မြောက်ပါလိမ့်မယ်။ ပြီးတော့ဘော်ဒီဖွဲ့စည်းမှု အဟန့်ကြီးနေသလို အလေးချိန် အနည်းငယ် စီးနေပါတယ်။

သုံးသပ်ချက်

စွယ်စုံသုံးနိုင်မယ့် Pro Cam-era တစ်လုံးဖြစ်ပြီး ကင်မရာသမားတွေအနေနဲ့ လက်လှမ်းမှီနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဓိကက ဗီဒီယိုအပိုင်းမှာကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပါ၀င်သလို 6k အရည်အသွေးအထိ ရိုက်နိုင်တာကြောင့်် ဗီဒီယိုရိုက်လိုသူတွေအတွက် မျက်စိကျစရာပါ။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG အပြင် RAWFile နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်း မှာ 6K @24fps အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 60” ကနေ 1 / 8000 အထိ ရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 60’’ to 1/16000 အထိ ရရှိမှာဖြစ်ပါတယ်။

Bult-in Flash အနေနဲ့ မပါ၀င်ဘဲ External Flash တပ်ဆင်နိုင်တဲ့ Hot Shoe သာပါ၀င်မှာပါ။ Card Slot အနေနဲ့ Dual ပါ၀င်ပြီး SD/SDHC/SDXC (UHS-II) တို့ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center Weighted Average Metering, Multiple, Spot Metering, Highlight Weighted စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Daylight, Flash, Incandescent, Shade, White Set 1, White Set 2, White Set 3, White Set 4 စတာတွေအ ပြည့်စုံ ပါ၀င်ပါတယ်။ 5.76m-Dot အရည်အသွေးရှိ 0.78x-Magnification OLED LVF ပါ၀င်ပါတယ်။ Screen Display အနေနဲ့ ၃.၂ လက်မအရွယ်ရှိပြီး 2.33m-Dot အရည်အသွေးရှိ Free-Angle Tilting Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ ဘက်ထရီကို DMW-BLJ31 Rechargeable Lithium-Ion, 7.4 VDC, 3050 mAh အသုံးပြုထားပြီး ရိုက်ချက် ၄၀၀ လောက် ရိုက်ကူးနိုင်မှာပါ။ အရွယ်အစားက 151 x 114.2 x 110.4 mm ဖြစ်ပြီး အလေးချိန် 1164g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H