Panasonic Lumix DC-G9 Mirrorless Micro Four Thirds Digital Camera

အားသာချက်

Digital Live MOS Sensor ပါဝင်ပြီး Venus Engine Image Processor ထောက်ပံ့ ပေးထားပါတယ်။ 20.3 Megapixel နဲ့ဖြစ်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K60p Video; 80MP High-Res Shot Mode အထိ ရိုက်ကူးနိုင်မှာပါ။ ဒီဈေးနှုန်းက Body Only ဈေးဖြစ်ပါတယ်။ JPEG File အတွက် electronic shutter နဲ့ဆိုရင် Frame per second 12fps မြန်နှုန်းနဲ့ ရိုက် ကူးနိုင်ပြီး mechanical shutter နဲ့ဆိုရင်တော့ Frame per second 9fps ရရှိနိုင်ပါတယ်။ ISO Sensitivity က Auto, 200 to 25600 (Extended: 100 to 25600) စွမ်းဆောင်နိုင်ပါတယ်။ ၃ လက်မအရွယ်ရှိ 1.04m-dot rear LCD monitor ပါဝင်ပြီး View finder အနေနဲ့ 0.83x-2.36m-Dot OLED Viewfinder ထောက်ပံ့ ထားပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် 3.5mm Headphone, 3.5mm Microphone, 2.5mm Sub-Mini, HDMI A (Full Size), USB Micro-B (USB 3.0) စ တာတွေ ပါ၀င်ပါတယ်။ကြိုးမဲ့အ တွက်လည်း Wi-Fi , BT ထည့် သွင်း ထောက်ပံံ့ပေးထားပါတယ်။ Focus Mode အနေနဲ့ Continuous-Servo AF (C), Flexible (AFF), Manual Focus (M), Single-Servo AF (S) စ တာတွေသုံးနိုင်ပြီး Autofocus Points က Contrast Detection: 225 အထိ ရရှိနိုင်မှာပါ။

အားနည်းချက်

အပြစ်ရှာကြံပြီး ပြောကြေး ဆိုရင်တော့ Sensor Size သေး ငယ်မှုပါ။

သုံးသပ်ချက်

Portrait , Landscape, Str-eet အစရှိတဲ့ ပုံတွေအပြင်စွယ်စုံ သုံးနိုင်မယ့် Pro Camera တစ် လုံးဖြစ်ပြီး ကင်မရာသမားတွေအ နေနဲ့ လက်လှမ်းမီတဲ့အနေအထား လည်း ဖြစ်ပါတယ်။ ဓာတ်ပုံသမား ရောဗီဒီယိုသမားပါ စွယ်စုံသုံးနိုင် တဲ့ အနေအထား ပါ။ ဗီဒီယိုပိုင်းမှာ ဘက်ထရီမကုန်မချင်း ကတ်မ ပြည့်မချင်း ဆက်တိုက်ရိုက်နိုင် သလို color grading ကို မိမိ စိတ်ကြိုက် အသုံးပြုနိုင်မယ့် Photo Style modes တွေ Filter modes တွေ အများအပြား ထောက်ပံ့ပေးထားတာပါ။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယို ပိုင်းမှာ UHD 4K60p Video; 80MP High-Res Shot Mode အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ Electronic Front Curtain Shutter က 60” ကနေ 1 / 8000 အထိရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 1/32000 to 1 Second အထိ ရပါတယ်။ Built-in Flash အနေနဲ့ ပါဝင်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကိုရွေးချယ် အသုံးပြု နိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Multiple, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temp-erature, Daylight, Flash, Incandescent, Shade, White Set စတာတွေအပြင် 3.86m-dot အရည်အသွေးရှိ 0.83 x -Magnification OLED Viewfinder ပါဝင်ပါတယ်။ Display က ၃ လက်မ အရွယ်ရှိပြီး 1.04m-dot အရည်အသွေးရှိ Articulating Touchscreen LCD ထောက်ပံ့ထားပါတယ်။ DMW-BLF19 Rechargeable Lithium-Ion, 7.2 VDC, 1860 mAh ဘက်ထရီကို အသုံးပြုထား ပါတယ်။ အရွယ်အစားက 136.9 x 97.3 x 91.6 mm ဖြစ်ပြီး အလေးချိန် 579 g (Body Only) ရှိပါတယ်။ ပြည်တွင်းဈေးကွက်မှာ ၂,၅၆၀,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင် ပြီး Lumix Myanmar ဖုန်း ၀၉ ၄၄၃၀၂၆၈၇၅ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H