Panasonic က ေက်းရြာမ်ားတြင္ လွ်ပ္စစ္မီး အသံုးျပဳပံု နားလည္သိရွိေစေရး ေဆာင္ရြက္ရန္စီစဥ္

[ Zawgyi ]

Panasonic က ေက်းရြာေတြမွာ လွ်ပ္စစ္မီးအသံုးျပဳပံု နားလည္သိရွိေစေရး ေဆာင္ရြက္မယ္လို႔ သိရပါတယ္။

ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္အျဖစ္ ေဆာင္ရြက္တာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ Off grid Solutions Project ကို ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ Off-grid Solution Project ကေနတစ္ဆင့္ Panasonic ရဲ႕ Solar energy ကို လူမႈေရးလုပ္ေဆာင္ခ်က္ေတြ လုပ္ကိုင္ေနတဲ့ အဖြဲ႔အစည္းေတြကို လွဴဒါန္းသြားမွာ ျဖစ္ေၾကာင္းဆိုပါတယ္။ ျမန္မာနိုင္ငံသာမက အာရွ နဲ႔ အာဖရိကမွာရွိတဲ့ လွ်ပ္စစ္မီးမရရွိေသးတဲ့ ေနရာေတြကို လွဴဒါန္းသြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕လွဴဒါန္းမယ့္ေနရာေတြကိုေတာ့ မသိရေသးပါဘူး။

Off-grid Solution Project ဟာ Panasonic ရဲ႕ လူ႕အဖဲြ႕အစည္းႏွင့္ဆိုင္ေသာ ၾကိဳးပမ္းမႈေတြထဲက ကုမၸဏီ တည္ေထာင္ရျခင္း ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္ မိတ္ဆက္ပြဲျဖစ္တယ္လို႔ သိရပါတယ္။ အစိုးရအဖြဲ႔အစည္း မဟုတ္တဲ့ NGOs ႏွင့္ NPOs ေတြကဲ့သို႔ လူ႔အသိုင္းအဝိုင္းေတြမွာ ျဖစ္ေပၚေနတဲ့ ျပႆနာေတြကို ေျဖရွင္းေပးေနတဲ့ အဖြဲ႔အစည္းေတြနဲ႔အတူ လက္တြဲလုပ္ ေဆာင္သြားမယ္လို႔ ဆိုထားပါတယ္။

-ထြန္းထြန္း

[ Unicode ]

Panasonic က ကျေးရွာတွေမှာ လျှပ်စစ်မီးအသုံးပြုပုံ နားလည်သိရှိစေရေး ဆောင်ရွက်မယ်လို့ သိရပါတယ်။

နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ Off grid Solutions Project ကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ Off-grid Solution Project ကနေတစ်ဆင့် Panasonic ရဲ့ Solar energy ကို လူမှုရေးလုပ်ဆောင်ချက်တွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာ ဖြစ်ကြောင်းဆိုပါတယ်။ မြန်မာနိုင်ငံသာမက အာရှ နဲ့ အာဖရိကမှာရှိတဲ့ လျှပ်စစ်မီးမရရှိသေးတဲ့ နေရာတွေကို လှူဒါန်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့လှူဒါန်းမယ့်နေရာတွေကိုတော့ မသိရသေးပါဘူး။

Off-grid Solution Project ဟာ Panasonic ရဲ့ လူ့အဖွဲ့အစည်းနှင့်ဆိုင်သော ကြိုးပမ်းမှုတွေထဲက ကုမ္ပဏီ တည်ထောင်ရခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် မိတ်ဆက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ အစိုးရအဖွဲ့အစည်း မဟုတ်တဲ့ NGOs နှင့် NPOs တွေကဲ့သို့ လူ့အသိုင်းအဝိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲလုပ် ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

-ထွန်းထွန်း