P60 chipset နဲ႔ ၆ လက္မ screen ပါဝင္တဲ့ Oppo Realme1

[Zawgyi]

OPPO ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Realme1 ရဲ႕ပထမဆံုးဖုန္းကို Amazon India ကေန ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Realme1 မွာ စိတ္ဝင္စားဖြယ္ရာ spec ေတြပါဝင္သလို ဆြဲေဆာင္မႈပိုရိွတဲ့ Diamond Black ဒီဇိုင္းနဲ႔ ရရိွႏိုင္ပါတယ္။

Display က ၆ လက္မ tall-aspect 2160 x 1080px LCD ျဖစ္ၿပီး Android 8.1 အေျခခံ ColorOS 5.0 ကို အသံုးျပဳထားပါတယ္။


Helio P60 chipset နဲ႔ octa-core CPU ကို အသံုးျပဳထားၿပီး ဘက္ထရီက 3,410mAh ျဖစ္ပါတယ္။
Oppo Realme1 မွာ AI စနစ္အမ်ားအျပား အသံုးျပဳထားပါတယ္။ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္အတြက္ chipset ကို AI နဲ႔ စီမံခန္႔ခြဲႏိုင္သလို စြမ္းအင္သံုးစြဲမႈ သက္သာေစဖို႔အတြက္ background app ေတြကို ရပ္ဆိုင္းေပးမယ့္ AI ဘက္ထရီစီမံခန္႔ခြဲမႈလည္း ပါဝင္လာပါတယ္။

ဒါ့အျပင္ ကင္မရာအတြက္ AI Shot ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ AI Shot မွာ portrait mode, AR stickers, beauty mode နဲ႔ scene recognition တို႔လို feature ေတြပါဝင္ပါတယ္။

Face Unlock ပါဝင္ေပမယ့္ finger scanner ကိုေတာ့ မတပ္ဆင္ထားပါဘူး။ အေရွ႕ဘက္ကင္မရာက 8MP ျဖစ္ၿပီး ေက်ာဘက္ကင္မရာကေတာ့ 13MP ျဖစ္ပါတယ္။

4G SIM card ႏွစ္ခုနဲ႔ microSD card slot တစ္ခု ထည့္သြင္းႏိုင္မယ့္ triple slot တစ္ခုကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

တန္ဖိုးက 3GB+32GB အတြက္ ၁၃၀ ေဒၚလာ၊ 4GB+64GB အတြက္ ၁၆၀ ေဒၚလာနဲ႔ 6GB+128GB အတြက္ ၂၀၅ ေဒၚလာျဖစ္ပါတယ္။ Oppo Realme1 ကို ေမလ ၂၅ ရက္မွာ Amazon India ကေန အထူးသီးသန္႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

============

[Unicode]

Oppo ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Realme1 ရဲ့ပထမဆုံးဖုန်းကို Amazon India ကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။

Realme1 မှာ စိတ်ဝင်စားဖွယ်ရာ spec တွေပါဝင်သလို ဆွဲဆောင်မှုပိုရှိတဲ့ Diamond Black ဒီဇိုင်းနဲ့ ရရှိနိုင်ပါတယ်။

Display က ၆ လက်မ tall-aspect 2160 x 1080px LCD ဖြစ်ပြီး Android 8.1 အခြေခံ ColorOS 5.0 ကို အသုံးပြုထားပါတယ်။

Helio P60 chipset နဲ့ octa-core CPU ကို အသုံးပြုထားပြီး ဘက်ထရီက 3,410mAh ဖြစ်ပါတယ်။
Oppo Realme1 မှာ AI စနစ်အများအပြား အသုံးပြုထားပါတယ်။ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် chipset ကို AI နဲ့ စီမံခန့်ခွဲနိုင်သလို စွမ်းအင်သုံးစွဲမှု သက်သာစေဖို့အတွက် background app တွေကို ရပ်ဆိုင်းပေးမယ့် AI ဘက်ထရီစီမံခန့်ခွဲမှုလည်း ပါဝင်လာပါတယ်။

ဒါ့အပြင် ကင်မရာအတွက် AI Shot ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ AI Shot မှာ portrait mode, AR stickers, beauty mode နဲ့ scene recognition တို့လို feature တွေပါဝင်ပါတယ်။

Face Unlock ပါဝင်ပေမယ့် finger scanner ကိုတော့ မတပ်ဆင်ထားပါဘူး။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး ကျောဘက်ကင်မရာကတော့ 13MP ဖြစ်ပါတယ်။

4G SIM card နှစ်ခုနဲ့ microSD card slot တစ်ခု ထည့်သွင်းနိုင်မယ့် triple slot တစ်ခုကိုလည်း ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုးက 3GB+32GB အတွက် ၁၃၀ ဒေါ်လာ၊ 4GB+64GB အတွက် ၁၆၀ ဒေါ်လာနဲ့ 6GB+128GB အတွက် ၂၀၅ ဒေါ်လာဖြစ်ပါတယ်။ Oppo Realme1 ကို မေလ ၂၅ ရက်မှာ Amazon India ကနေ အထူးသီးသန့် ရောင်းချသွားမှာဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena