P Series နဲ့ Mate Series ဖုန်းတံဆိပ်တွေကို ရောင်းချဖို့ Huawei ဆွေးနွေးနေ

တရုတ်နည်းပညာကုမ္ပဏီ Huawei ဟာ P Series နဲ့ Mate Series စမတ်ဖုန်းတွေကို ရောင်းချဖို့ ဆွေးနွေးနေတယ်လို့ Reuters ကဖော်ပြခဲ့ပါတယ်။

သတင်းမှာ ရင်းမြစ် ၂ ခုကို ကိုးကားဖော်ပြထားပါတယ်။ Huawei ဟာ အစိုးရကျောထောက်နောက်ခံပေးထားတဲ့ ရှန်ဟိုင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ယာယီစုပေါင်းထားတဲ့ အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ ဆွေးနွေးမှုတွေက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ခဲ့တယ်လို့ Reuters ကဖော်ပြခဲ့ပါတယ်။ Huawei အနေနဲ့ ဘတ်ဂျက်ဖုန်းတံဆိပ် Honor ရောင်းချမှုကို နိုဝင်ဘာလမှာ အတည်မပြုခင်ကတည်းက P Series နဲ့ Mate Series ရောင်းချဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

Huawei အနေနဲ့ ဖုန်းအမှတ်တံဆိပ်တွေကို ရောင်းချမလား ဆိုတဲ့ အပြီးသတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သိရပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««