Overview of Copyright and Related Rights in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်မည်

စာပေမူပိုင်ခွင့်ဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ က စီစဉ်ကျင်းပမယ့် Overview of Copyright and Related Rights in Myanmar Webinar ခေါင်းစဉ်နဲ့ အသိပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၉ ရက်၊ ညနေ ၇ နာရီမှာ Zoom Video Conferencing စနစ် အသုံးပြုပြီး https://www.facebook.com/cmo.committee/ မှ တစ်ဆင့် Facebook Live ထုတ်လွှင့်ကာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စာပေမူပိုင်ခွင့်ဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအကြောင်း သိကောင်းစရာနှင့် စာပေမူပိုင်ခွင့်နှင့် ဆက်နွှယ်သော အခွင့်အရေးများနှင့် ပတ်သက်၍ အများပြည်သူများ သိရှိစေရန် အတွက် ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖြစ်မြောက်ရေးကော်မတီ မှ တာဝန်ရှိသူတို့က အဖွင့်မိန့်ခွန်းနှင့် ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားခြင်း၊ Overview of Copyright and Related Rights in Myanmar ခေါင်းစဉ်ဖြင့် ဦးသန်းမောင် (စစ်တွေ) က ဆွေးနွေးခြင်း အပြင် ဦးသန်းမောင်(စစ်တွေ)၊ ဦးမြတ်ခိုင်၊ ဉီးဇော်ထွဋ်၊ ဒေါ်သင်းသင်းမာ (ပုညခင်) တို့ က စာပေအနုပညာမူပိုင်ခွင့်ဆိုင်ရာစကားဝိုင်း ဆွေးနွေးခြင်းနဲ့ အမေးအဖြေကဏ္ဍတို့ ပါဝင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««