OS X Yosemite ၏ ထိပ်တန်း hidden feature (၁၄) ခု

Apple သည် ယခင် OS X များထက် ဒီဇိုင်းပြောင်းလဲမှုများ ပြုလုပ်ထားသည့် OS X Yosemite ကို ဖြန့်ချိပေးခဲ့ပြီး ဖြစ်သည်။ OS X Yosemite တွင်ဒီဇိုင်းအသွင်အပြင် ပြောင်းလဲမှုများ ပြုလုပ်ထားသည့် အပြင် လူသိနည်းသည့် hidden feature များလည်း ပါဝင်လာသည်။ အဆိုပါ hidden feature များမှာ အောက်ပါအတိုင်း ဖြစ်သည်။

Markup In Mail App

Yosemite ၏ Mail app တွင် ပါဝင်လာသည့် Markup feature သစ်သည်သုံးစွဲသူများက email အတွင်းရှိ  ဓာတ်ပုံများနှင့် PDF ဖိုင်များတွင် မှတ်ချက်များ ထည့်သွင်းခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် PDF form များ ဖြည့်စွက်နိုင်သလို ဖိုင်များတွင် သုံးစွဲသူ၏ လက်မှတ်ထည့်သွင်းနိုင်ပြီး Track pad ကိုအသုံးပြုကာ လက်မှတ်များ ဖန်တီးနိုင်သလို သုံးစွဲသူ၏ လက်မှတ်ကို ကင်မရာရှေ့တွင် ထောင်ကာ scan  လုပ် ခြင်းဖြင့်လည်း လက်မှတ်များ ဖန်တီးရယူနိုင်သည်။

 

Send/Receive SMS Messages

ယခု feature သည်လည်း Continuity feature ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Yosemite သုံးစွဲသူများမှ text သို့မဟုတ်  multimedia message များကို Mac များမှ ပေးပို့ခြင်း၊  လက်ခံခြင်းတို့ အား ပြုလုပ်စေနိုင်သည့် Feature တစ်ခု ဖြစ်သည်။

 

Convert Currencies Using Spotlight Search

OS X Yosemite တွင် ပါဝင်လာသည့် အဆင့်မြှင့်တင်မှုများ အနက် spotlight search ကို currency converter အနေဖြင့် အသုံးပြုနိုင်သည့် feature ပါဝင်လာသည်။ အဆိုပါ  Spotlight search တွင် 1 USD to GBP ကဲ့သို့သော query များကို ထည့်သွင်းကာအဖြေများ ရယူနိုင်သည်။

 

Make/Receive Cellular Calls

Apple Continuity feature ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်  Cellular Calls သည် တူညီသည့်  iCloud account ကို အသုံးပြုထားသည့်  iPhone နှင့် Mac တွင် ဖုန်းခေါ်ဆိုခြင်းနှင့် ဖုန်းလက်ခံခြင်း တို့ကို ပြုလုပ်ပေးနိုင်သည်။

 

Create Signatures Using Mac’s Trackpad

Mail နှင့် Preview app တွင် signature ခလုတ်ကို နှိပ်ပြီးနောက် Trackpad ကို ရွေးချယ်ကာ သုံးစွဲသူ၏ လက်မှတ်များကို ဖန်တီးနိုင်မည် ဖြစ်သည်။

Handoff

သုံးစွဲသူအနေဖြင့် iPhone, iPad, iPod touch နှင့် Mac တို့ကို ပိုင်ဆိုင်ထားပါက Handoff ကို အသုံးပြု ခြင်းဖြင့် အကျိုးကျေးဇူးများရရှိမည် ဖြစ်သည်။ Handoff သည် ထုတ်ကုန်တစ်ခုပေါ်တွင် စတင်သည့် လုပ်ဆောင်ချက် တစ်ခုကို အခြားထုတ်ကုန်ပေါ်မှ အဆုံးသတ်နိုင်သည်။

Instant Hotspot

ယခင်က Wi-Fi မရှိသည့် နေရာတွင် iPhone ၏ ဆယ်လူလာကွန်ရက်ကို အသုံးပြု၍ အင်တာနက် အသုံးပြုလိုသည့်အခါ iPhone ကိုထုတ်၊ Settings > Personal Hotspot ထံသွားပြီး ON ကို နှိပ်ပြီးမှသာ အသုံးပြုနိုင်သည်။ သို့သော်လည်း Yosemite အသုံးပြုသူများသည် iPhone ၏ ဆယ်လူလာကွန်ရက်ကို အသုံးပြုရာတွင် personal hotspot တစ်ခု ဖန်တီးစရာမလိုဘဲ Mac ၏ Wi-Fi menu ရှိ Personal Hotspot ခေါင်းစဉ်အောက်တွင် iPhone ၏ အမည်ကို ရွေးချယ်ခြင်းဖြင့် အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ Instant Hotspot အတွက် iPhone, iPad တွင် iOS 8.1 ကို အသုံးပြုရန်နှင့် Lightning  connector ပါဝင်ရန် လိုအပ်သည်။ ထို့အပြင် ၎င်းကို  MacBook Air 2012 နှင့်အထက်၊ MacBook Pro 2012 နှင့်အထက်၊ iMac 2012 နှင့်အထက်၊ Mac mini 2012 နှင့် အထက်အပြင် Mac Pro 2013  နောက်ပိုင်းတွင်သာ  အသုံးပြုနိုင်သည်။

Batch File Renaming

OS X Mavericks တွင် batch တစ်ခု ဖြင့် ဖိုင်များ၏ အမည်ကို ပြောင်းလဲခဲ့ ရသော်လည်း Yosemite တွင် ၎င်းကို ပိုမိုလွယ်ကူသည့် နည်းလမ်းဖြင့် ပြုလုပ် နိုင်သည်။ Finder ရှိ သက်ဆိုင်ရာ ဖိုင်များပေါ်တွင် selection box ကို drag လုပ်ကာ ဖိုင်များကို ရွေးချယ်ပြီး right-click နှိပ်ကာ menu ရှိ Rename ကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

QuickType Suggestions While Typing

QuickType သည် keyboard တွင် စာရိုက်သည့်အခါ စာလုံးများကို ခန့်မှန်းဖော်ပြပေးသည့် iOS 8 keyboard တွင် ထည့်သွင်းထားသည်။ iOS 8 keyboard feature ဖြစ်သည်။ အဆိုပါ  feature ကို Yosemite တွင်လည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။ ပြုလုပ်ပုံမှာ စာရေးနေသည့်အခါတွင် escape ခလုတ်ကို နှိပ်ရုံဖြင့် ပေါ်လာသည့် drop down menu တွင် သက်ဆိုင်ရာ ခန့်မှန်း စာလုံးကို တွေ့မြင်ရမည် ဖြစ်သည်။

Mute A Message Thread

Messages app တွင် သတ်မှတ် ထားသည့် အချိန်တစ်ခုတွင် သက်ဆိုင်ရာ စကားပြောဆိုမှုများကို mute လုပ်ထား နိုင်သည်။ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ conversation ၏ ညာဘက်ထိပ်ရှိ Details ခလုတ်ကိုနှိပ်ကာ Do Not Disturb function ကို နှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

Screen Sharing In Messages App

Yosemite ၏ Messages app တွင် ပါဝင်သည့် screen sharing feature ကို အသုံးပြုလိုသည့်အခါ သက်ဆိုင်ရာ conversation thread တွင် Details ကိုနှိပ်ပြီး screen sharing ခလုတ်ကို နှိပ်ခြင်းဖြင့် မိမိကွန်ပျူတာ screen ကို ဝေမျှနိုင်သည်။

3D Flyover Tours In Maps

OS X Yosemite တွင် iOS 8 ၌ တွေ့မြင်နိုင်သည့် feature တစ်မျိုးကို ထည့် သွင်းပေးထားသည်။ Maps app ကို သုံးစွဲသူများသည် နှစ်သက်ရာ မြို့များအ တွက် 3D Flyover mode ကို အသုံးပြုနိုင်ပြီး မြို့များရှိ အထင်ကရ နေရာများကို zoom ချဲ့ကာ ကြည့်နိုင်သည်။ ထိုသို့ ပြုလုပ်ရန်အတွက် အဆိုပါ feature ထောက်ပံ့ပေးထားသည့် မြို့များရှိ 3D Flyover Tour ခလုတ်ကို နှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

Record iPhone, iPad, iPod touch Screen Using QuickTime

ယခင်က iPhone, iPod touch  နှင့် iPad ၏ screen ကို Mac ပေါ်မှ ကူးယူ လိုသည့်အခါ third-party app များနှင့် AirPlay တို့မှတစ်ဆင့် ပြုလုပ်ရသည်။ သို့သော်လည်း Yosemite သည် QuickTime မှတစ်ဆင့် အဆိုပါ feature ကို ထောက်ပံ့ပေးခဲ့သည်။ ၎င်းကို iOS 8 နှင့် အထက် အသုံးပြုထားသည့် မိုဘိုင်း ထုတ်ကုန်များနှင့် အသုံးပြုနိုင်သည်။

New Dark Mode

OS X Yosemite ၏ Menu bar အရောင်နှင့် Dock background ကို အနက်ရောင်ဖြင့် ပြောင်းလဲ အသုံးပြုနိုင်သည်။ System Preferences > General တွင် Appearance option အောက်၌ Use dark menu bar and dock  ကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။ Dark Mode ကို shortcut ဖြင့် ဖန်တီး အသုံးပြုလိုပါက Terminal တွင် အောက် ဖော်ပြပါ command ကို ထည့်သွင်းပြီး ကွန်ပျူတာကို log out လုပ်ပါ။ ထို့ နောက် log in ပြန်လုပ်ပြီး Control-Option-Command-T ကို နှိပ်ခြင်းဖြင့် Dark Mode ကို ပြောင်းလဲနိုင်သည်။

sudo defaults write /Library

Preferences/.GlobalPrefer

ences.plist _HI EnableTheme

SwitchHotKey -bool true