OS app စီးပွားရေးက ကပ်ရောဂါကာလအတွင်း အလုပ်အကိုင် သုံးသိန်းဖန်တီးပေး

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းက စီးပွားရေးကို ထိခိုက်လာတာ အားလုံးခံစားမိလာတယ်။ ဒါပေမဲ့ Apple ကတော့ ၂၀၁၉ ဧပြီလနောက်ပိုင်ငး အမေရိကန်မှာ အလုပ်အကိုင် ၃၀၀,၀၀၀ အထိ ဖန်တီးပေးနိုင်ခဲ့ပြီး iOS app စီးပွားရေးတိုးတက်လာပါတယ်။ iOS app စီးပွားရေးဟာ ကပ်ရောဂါအတွင်း သိသိသာသာ တိုးတက်လာပါတယ်။

အခုဆိုရင် iOS app တွေက အမေရိကန်က အလုပ်အကိုင် ၂.၁ သန်းကို ထောက်ပံ့ထားပေးနေပါတယ်။ အမေရိကန် အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းတို့ ပါဝင်ပြီး အဓိက ပြည်နယ်အတွင်းမှလည်း အလုပ်အကိုင်များစွာ ဖန်တီးပေးခဲ့ပါတယ်။

ဒါ့အပြင် iOS app စီးပွားရေး အလုပ်အကိုင် ပြည်နယ်အလိုက် ဖော်ပြတဲ့ မြေပုံကို ထုတ်ပြန်ခဲ့ပါတယ်။ တက္ကဆက်၊ မေရိလန်းနဲ့ မီချီဂန်ပြည်နယ်တွေမှာလည်း အလုပ်အကိုင်များစွာ တိုးတက်လာပါတယ်။

Apple ဟာ developer အသစ်တွေကို ဖန်တီးဖို့ အားပေးတဲ့နေရာမှာ အဓိက ပါဝင်နေပါတယ်။

စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««