Organization and Human Resource Governance ႏွင့္ Public Policy and Development ပါရဂူဘြဲ႕ ပညာသင္ဆုမ်ားေခၚယူ

[ Zawgyi ]

ထုိင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ Graduate School of Public Administration, National Institute of Development Administration တြင္ ၂၀၁၈ ပညာသင္ႏွစ္အတြက္ Organization and Human Resource Governance နဲ႔ Public Policy and Development ပါရဂူဘြဲ႕ပညာသင္ဆုမ်ား ေခၚယူေနၿပီလုိ႔ သိရပါတယ္။

ေလွ်ာက္ထားသူေတြအေနနဲ႔ အဆိုပါပညာရပ္မွာ မဟာဘြဲ႕ရရွိထားသူျဖစ္ၿပီး ပညာသင္ဆုမ်ားကို သတ္မွတ္အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ အသင္းခ်ဳပ္ CEC/EC မ်ား၊ ၀န္ထမ္းမ်ား၊ ညီေနာင္အသင္းမ်ားမွ ၀န္ထမ္းမ်ား၊ ကုန္သည္စက္မႈအသင္းခ်ဳပ္ အသင္းဝင္ကုမၸဏီမ်ားရဲ႕ အဖြဲ႕ဝင္မ်ား (သို႔) ဝန္ထမ္းမ်ား ေလွ်ာက္ထားႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ပညာသင္ဆုမ်ား ေလွ်ာက္ထားရန္ စိတ္ပါဝင္စားပါက အေသးစိတ္အခ်က္အလက္မ်ား ကို  ဒီေနရာမွာ ဝင္ေရာက္ေလ့လာႏိုင္ၿပီး အသင္းခ်ဳပ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ ခြင့္ျပဳခ်က္ရယူလိုပါက အသင္းခ်ဳပ္၊ အမႈေဆာင္အရာရွိခ်ဳပ္ထံ လိပ္မူကာ ကိုယ္တိုင္ေရးေလွ်ာက္လႊာ ၁ ေစာင္၊ ဓာတ္ပံု၊ အသင္းဝင္ကတ္ မိတၱဴ၊ မွတ္ပံုတင္မိတၱဴတို႔ကို ပူးတြဲၿပီး အသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ားမွ အမႈေဆာင္၊ ဝန္ထမ္း၊ အသင္းခ်ဳပ္၊ အသင္းဝင္ကုမၸဏီမ်ားမွ အဖြဲ႔ဝင္ (သို႔) ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာတို႔နဲ႔အတူ ဇူလိုင္လ ၁၁ ရက္ ေနာက္ဆံုးထားၿပီး ေလွ်ာက္ထားရမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

ပညာသင္ဆု ေလွ်ာက္ထားလိုသူေတြ အေနနဲ႔ အေသးစိတ္သိရွိလိုပါက HRD ဌာန၊ ဖုန္း – ၀၁-၂၃၁၄၃၄၄-၄၉၊ လိုင္းခြဲ ၁၃၃၊ ၁၃၄ သို႔ ဆက္သြယ္စံုစမ္းႏိုင္မွာျဖစ္ပါတယ္။

-ေဝေဝ

[ Unicode ]

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Graduate School of Public Administration, National Institute of Development Administration တွင် ၂၀၁၈ ပညာသင်နှစ်အတွက် Organization and Human Resource Governance နဲ့ Public Policy and Development ပါရဂူဘွဲ့ပညာသင်ဆုများ ခေါ်ယူနေပြီလို့ သိရပါတယ်။

လျှောက်ထားသူတွေအနေနဲ့ အဆိုပါပညာရပ်မှာ မဟာဘွဲ့ရရှိထားသူဖြစ်ပြီး ပညာသင်ဆုများကို သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့ အသင်းချုပ် CEC/EC များ၊ ၀န်ထမ်းများ၊ ညီနောင်အသင်းများမှ ၀န်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများရဲ့ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုများ လျှောက်ထားရန် စိတ်ပါဝင်စားပါက အသေးစိတ်အချက်အလက်များ ကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရယူလိုပါက အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူကာ ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ ဓာတ်ပုံ၊ အသင်းဝင်ကတ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲပြီး အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်၊ ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့အတူ ဇူလိုင်လ ၁၁ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆု လျှောက်ထားလိုသူတွေ အနေနဲ့ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်း – ၀၁-၂၃၁၄၃၄၄-၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-ဝေဝေ