OPPO X Tom Ford slider ဖုန်း ဓာတ်ပုံထွက်လာ

ဩဂုတ်လက OPPO ဟာ ဖြန့်လို့ရတဲ့ မျက်နှာပြင်ပါဝင်တဲ့ slider ဖုန်း မူပိုင်ခွင့် တင်ခဲ့ပါတယ်။ အခုအခါမှာတော့ အမေရိကန်ဖက်ရှင်ဒီဇိုင်နာ၊ ရုပ်ရှင်ရိုက်ကူးသူ Tom Ford က ဒီဇိုင်းဆွဲပေးထားတဲ့ အထူးဖုန်း သရုပ်ဖော်ပုံ ထွက်လာပါတယ်။

ဖုန်းမှာ အထုတ်၊ အသွင်းလုပ်နိုင်တဲ့ မျက်နှာပြင် ပါဝင်လာပြီး ဒေါင်လိုက်ပုံစံ ဖြစ်ကာ မျက်နှာပြင်ဧရိယာကို ၈၀ ရာခိုင်နှုန်းအထိ တိုးချဲ့ပေးပါတယ်။

ဖုန်းကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်ပြီး အောက်ခြေမှာ OPPO X TOM FORD – DESIGN FOR CONCEPT SHAKIRA စာသား ပါဝင်လာပါတယ်။ ဒီဇိုင်နာ နာမည်အောက်မှာ LED flash ပါဝင်လာပါတယ်။ မျက်နှာပြင်မှာတော့ selfie ကင်မရာအတွက် notch မပါဝင်ဘဲ under-display ကင်မရာကို အသုံးပြုဖွယ်ရှိပါတယ်။ ဒုတိယမြောက် မျက်နှာပြင်ကတော့ အဓိက ကင်မရာနဲ့ selfie ပုံရိုက်ကူးနိုင်ဖို့ အထောက်အပံ့ပေးထားပါတယ်။

Slider ဖုန်းညာဘက်မှာ SIM ကတ် ထည့်သွင်းလို့ရပါတယ်။ OPPO ကတော့ ဖုန်းနဲ့ပတ်သက်ပြီး တရားဝင် ဘာမှ မထုတ်ပြန်သေးပါဘူး။ အခုဖုန်းက concept ဒါမှမဟုတ် စီးပွားဖြစ်ရောင်းချမယ့်ဖုန်းလား ဆိုတာလည်း မသိသေးပါဘူး။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««