OPPO Watch

OPPO Watch မှာ Dual-Curved Display ကို အသုံးပြုထားပြီး Display မှာ AMOLED flexible capacitive touchscreen ဖြစ်ပါတယ်။ စကရင်အရွယ်အစားက ၁.၉၁ လက်မ ရှိပြီး Schott Glass နဲ့ ခိုင်မာတဲ့ Corning Gorilla Glass ကို အသုံးပြုထားတဲ့အတွက် ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။ Vivid Display ကိုသုံးထားပြီး မိမိကြိုက်တဲ့ background ကို ထားနိုင်ပါတယ်။ နာရီရဲ့အချိန်ကို မှန်ကန်စေဖို့အတွက် Google ရဲ့ Wear OS ကို အသုံးပြုထားပါတယ်။ မိမိနိုင်ငံရဲ့ အချိန်ကိုသာ Track လုပ်နိုင်ရုံမက နိုင်ငံတကာရဲ့ အချိန်တွေကိုပါ ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Watch တိုင်းမှာပါနေတဲ့ နှလုံးခုန်နှုန်းတိုင်းတာတာတွေ ၊ Sleep monitoring လုပ်တာတွေ စတဲ့ ကျန်းမာရေးကိစ္စတွေကိုပါ ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အားကစားလုပ်တဲ့သူတွေအတွက်လည်း Fitness guidance တွေနဲ့ Daily routine exercise mode တွေပါဝင်တဲ့အတွက် မိမိရဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ပုံမှန်စံနှုန်းကို ထိန်းထားနိုင်ဖို့ကူညီပေးပါတယ်။ Battery အတွက် 430 mAh ပါဝင်ပြီးတော့ smart mode လို မျိုးစုံအသုံးပြုတဲ့ mode မှာထားရင် ၃၆ နာရီအထိ အသုံးခံပါတယ်။ နာရီကြည့်ဖို့ SMS တွေ ၊ Call တွေလက်ခံဖို့ Power Saver mode လောက်ပဲထားမယ်ဆိုရင် 21 ရက်အထိအသုံးခံနိုင်ပါတယ်။ 41 mm နဲ့ 46mm ဆိုပြီးနှစ်မျိုး ဝင်ရောက်တာဖြစ်ပြီး 41mm က တန်ဖိုးငွေ ၂၂၉,၉ ၀၀ ကျပ်ဖြစ်ပါတယ်။ 46mm က ၃၁၉ ,၉ ၀၀ ကျပ် ဖြစ်ပါတယ်။

Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ နဲ့ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း – ၀၉ ၄၂၂၂၉၄၈၈၄၊ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««