OPPO Reno5 ကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်

OPPO မှ “Picture Life Together” ဆောင်ပုဒ်နဲ့ အတူ ထွက်ရှိလာတဲ့ OPPO Reno5 ကို မြန်မာပြည်စျေးကွက်မှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

OPPO Reno5 ကို 6.4-inches AMOLED Display နဲ့ အတူ 90Hz Screen Refresh Rate ကို ထည့်သွင်းထုတ်လုပ်ထားပြီး ပါးလွှာပေါ့ပါးစေရန် 171g အလေးချိန်နဲ့ 7.7mm/7.8mm ဖုန်းအထူသာရှိအောင် ဖန်တီးပြုလုပ်ထားပါတယ်။ 3D Back Body Design ကြောင့် ကောင်းမွန်တဲ့ ထိတွေ့မှုကို တွေ့ကြုံခံစားနိုင်စေမှာ ဖြစ်ပါတယ်။ OPPO Reno5 ကို Fantasy Silver အရောင်နဲ့ Starry Night အရောင် နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ၄၉၉,၉၀၀ ကျပ်ဖြင့် ဇန်နဝါရီ ၁၅ ရက် မှ ၂၁ ရက်အထိ Pre-order အနေနဲ့ စတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၂ ရက် မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

OPPO Reno5 ကို Pre-order မှာယူသူတွေကို Smart Band လက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး Reno5 Pre-order Card နဲ့ လာရောက် ထုတ်ယူသူတွေကို OPPO Enco W11 ဝယ်ယူပါက ၁၀,၀၀၀ ကျပ် လျှော့ဈေးတွေ ပြုလုပ်ပေးသွာမယ့် အပြင် Mytel SIM Card အသစ် အသုံးပြုသူတွေကို 10GB Internet Free Data လက်ဆောင်တွေကိုလည်း ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

OPPO Reno5 မှာ 6.4-inch AMOLED Display ကို 90Hz Screen Refresh Rate နဲ့အတူ ထည့်သွင်းတပ်ဆင်ထားပြီး ဖုန်းအနောက်ဘက်ကို ကာဗာမတပ်ဘဲ ဆန်းသစ် တောက်ပနေစေဖို့နဲ့ ၁၀၀ ရာခိုင်နှုန်း လက်ဗွေရာမထင်စေဖို့ ဖန်တီးထားသလို 44MP Selfie Camera နဲ့အတူ 64MP Main Camera, 8MP Wide Angle Lens, 2MP Macro Lens နဲ့ 2MP Mono Lens ဆိုပြီး Rear Camera (၄) လုံး တပ်ဆင်ထားပါတယ်။ ဘက်ထရီကို 4310mAh အမျိုးအစားနဲ့အတူ 50W Flash Charge ကို ထည့်သွင်းထားတဲ့အတွက် ၅ မိနစ် အားသွင်းရုံနဲ့ ၃ နာရီကြာ ဗီဒီယိုတွေကို ကြည့်ရှုနိုင်မယ့်အပြင် မိနစ် ၃၀ အားသွင်းရုံနဲ့ ဘက်ထရီ ၈၀ ရာခိုင်နှုန်း၊ ၄၈ မိနစ် အားသွင်းရုံနဲ့ အားအပြည့်အထိလည်းကောင်း အားဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm Snapdragon 720G နဲ့အတူ 8GB RAM+128GB ROM ကို အသုံးပြုထားပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««