
Price – 699,900 Ks (8/256GB)
အားသာချက်
ကြီးမားတဲ့ မြင်ကွင်း၊ ဘက်ထရီတွေပါဝင်ပေမယ့် ပေါ့ပါးပြီး ကျစ်လျစ်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်းက နှစ်သက်စရာပါ။ Display က တောက်ပမှုရှိသလို ကာလာပိုင်းကောင်းမွန်ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုအရည်အသွေးပိုင်း ကောင်းမွန်တဲ့ ကင်မရာစနစ် အပြင် microSD စနစ်၊ FM နဲ့ 3.5mm နားကြပ်ပေါက်တွေ ပါဝင်ပြီး ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်သလို မြန်ဆန်တဲ့ Super-fast အားသွင်းစနစ် ထောက်ပံ့ပါဝင်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
အားနည်းချက်
ပလတ်စတစ်ကိုယ်ထည်က ပေါ့ပါးမှုရှိပေမယ့် ပရီမီယံဆန်လွန်းတယ်လို့တော့ မခံစားရဘူး။ ပေးရတဲ့ ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူ့ထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ chipset ပါတဲ့ဖုန်းကို ရနိုင်တယ်လို့ ဆိုရမှာပါ။ ကင်မရာစနစ်မှာ telephoto ကင်မရာစနစ်တွေ မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။
စွမ်းဆောင်ရည်
|
|
|
|
|
Reno4 Pro မှာ Qualcomm Snapdragon 720G chipset ကို သုံးထားပြီး Andreno 618 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB ပါဝင်ပါတယ်။ microSD ကနေ သိုလှောင်မှုပမာဏကို 256GB ထပ်မံ တိုးမြှင့် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ 8nm SoC ဖြစ်တဲ့ 720G processor က စွမ်းဆောင်ရည်ပိုင်း အထူးကောင်းမွန်တဲ့ processor ဖြစ်ပြီး GeekBen 5 (multi-core) ရမှတ် ၁၇၈၁ နဲ့ AnTuTu 8 ရမှတ် ၂၆၁၃၅၉ ရှိပါတယ်။ ဒီ multi-core စွမ်းဆောင်ရည်က Reno3 Pro 5G ထက် စွမ်းဆောင်ရည်ပိုင်း ၉ ရာခိုင်နှုန်းပိုမိုတဲ့ ရလဒ်လို့ ဆိုရမှာဖြစ်ပြီး ဂရပ်ဖစ်စွမ်းဆောင်ရည်ပိုင်းက 3D ဂိမ်းတွေကို ချောမွေ့ကောင်းမွန်စွာနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာက ကျယ်လောင် ကောင်းမွန်မှုရှိသလို အသံထွက် အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ Reno4 Pro မှာ Android 10 အခြေခံ ColorOS 7.2 ကို အသုံးပြုထားပြီး UI က သမားရိုးကျဆန်ဆန်ပုံစံရှိပေမယ့် ရှင်းလင်းသလို app icons တွေကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲ အသုံးပြုနိုင်မှာပါ။ Color OS မှာ gesture စနစ်တွေအပြင် Smart Sidebar လုပ်ဆောင်ချက်တွေက OS တစ်ခုလုံးကို အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်သလို မိမိစိတ်ကြိုက် ပြင်ဆင်မှုတွေလည်း လုပ်နိုင်မှာဖြစ်ပါတယ်။ System-wide dark mode က OS အပြင် app တွေကိုပါ dark theme အနေနဲ့ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် Edge lighting ၊ Always-on Display စတဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
|
အလေးချိန် ၁၆၁ ဂရမ် ရှိတဲ့ Reno4 Pro က အထူးပေါ့ပါးသလို လက်ထဲမှာ ကိုင်ရတာ အံဝင်ခွင်ကျရှိပြီး လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ် အသုံးပြုရတာလည်း အဆင်ပြေလှတဲ့ ဒီဇိုင်းလို့ဆိုရမှာပါ။ ပလတ်စတစ်ကိုယ်ထည်ကို Gorilla Glass 5 နဲ့ ဖုန်းအုပ်ထားပြီး ပရီမီယံအရမ်းဆန်တယ်လို့ မခံစားရတဲ့ ကျောဘက်ရောင်အရောင်ဒီဇိုင်းက ဆွဲဆောင်မှုရှိလှပါတယ်။ ကျောဘက်ကင်မရာတွေကို ဒေါင်လိုက်အနေနဲ့ ထည့်သွင်းထားပြီး ရှေ့ဘက် punch-hole ကင်မရာကိုတော့က အပေါ်ဘက်ဘောင် မျက်နှာပြင် ဘယ်ဘက်ထောင့်နားမှာ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ညာဘက်ဘောင်ထဲက ပါဝါခလုတ်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ အသံတိုးကျယ်ခလုတ်နဲ့ SIM ကတ်ပေါက်ကတော့ ထိပ်ဘက်ဘောင်ထဲမှာ ထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ နားကြပ်ပေါက်တွေ ရှိပါတယ်။
Reno4 Pro ရဲ့ Display က 90Hz refresh rate ရှိပြီး အရွယ်အစား ၆.၅ လက်မရှိတဲ့ Super AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Display ကို 90Hz, 60Hz နဲ့ Auto ဆိုပြီး သုံးမျိုးချိန်ညှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၈.၃ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 402 ppi ရှိပါတယ်။ ရှေ့နောက် မျက်နှာပြင်တွေကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး HDR 10 လည်းထောက်ပံ့ပါဝင်ပါတယ်။ under display လက်ဗွေက တုံ့ပြန်မှုပိုင်း တိကျသလို မြန်ဆန်မှုရှိတာ နှစ်သက်စရာပါ။
ကင်မရာ
|
|
|
|
|
|
|
Reno4 Pro ရဲ့ ကျောဘက်မှာ aperture f/1.7 ရှိတဲ့ 48MP Quad Bayer Sony IMX586 အဓိက ကင်မရာ၊ ၁၁၉ ဒီဂရီမြင်ကွင်းကျယ် 8MP ultrawide ကင်မရာ၊ 2MP macro ကင်မရာနဲ့ 2MP depth ကင်မရာတွေ တပ်ဆင်ထားပေမယ့် တရုတ်မှာရောင်းချတဲ့ 5G မော်ဒယ် Reno4 Pro မှာပါဝင်တဲ့ Telephoto ကင်မရာတော့ မပါဝင်ပါဘူး။ ကင်မရာမှာ PDAF နည်းပညာနဲ့ gyro-EIS စနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ နေ့ဘက်ရိုက်ကူးမှုအတွက် Reno4 Pro ရဲ့ အဓိက ကင်မရာက ရုပ်ထွက်ပိုင်းကောင်းမွန်သလို detail, sharpness ပိုင်းနဲ့ ကာလာပိုင်းကလည်း သဘာဝကျလှပါတယ်။ Telephoto ကင်မရာ မပါဝင်ပေမယ့် 2x နဲ့ 5x zoom တွေအနေနဲ့ ဆွဲယူရိုက်ကူးနိုင်မှာ ဖြစ်သလို သူ့ရဲ့ 2x mode ရုပ်ထွက်က ကျေနပ်စရာကောင်းလှပါတယ်။ Portrait mode က လူပုံရိုက်ကူးမှုအတွက်သာ မကဘဲ လူမဟုတ်တဲ့ အရာဝတ္ထုတွေရိုက်ကူးမှု အတွက်လည်း ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ Low-light ဓာတ်ပုံရိုက်ကူးမှုက upper-mide အမျိုးအစား ဖုန်းအတွက် ကောင်းမွန်မှုရှိတယ်လို့ ဆိုရမှာပါ။ အနည်းငယ် noisy ရှိတယ်ဆိုပေမယ့် ကာလာရုပ်ထွက်ပိုင်းက စိုပြည်မှုရှိသလို တောက်ပမှုလည်း ရှိတယ်လို့ဆိုရမှာပါ။ ကင်မရာရဲ့ Night mode က ညပိုင်းရိုက်ကူးမှုအတွက် exposure နဲ့ dynamic range ပိုင်းကို အထူး ထောက်ပံ့ပေးနိုင်တာ ကျေနပ်စရာပါ။
ရှေ့ဘက် 32MP Quad-Buyer selfie ကင်မရာရဲ့ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်က စိတ်ကျေနပ်မှုကောင်းပြီး HDR စနစ်ကို Auto ဒါမှမဟုတ် On ထားပြီးလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Selfie portrait ရဲ့ blur က သဘာဝကျသလို ရုပ်ထွက်ပိုင်းကလည်း ကျေနပ်စရာပါ။ Reno4 Pro က 4K ဗီဒီယိုကို 30fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး 1080p ဗီဒီယိုကို 30/60/120fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုစနစ်အတွက် gyro-EIS စနစ် ထောက်ပံ့ပါဝင်ပါတယ်။
ဘက်ထရီ
|
|
|
|
ဒီဖုန်းမှာ ထည့်သွင်းထားတဲ့ 4000mAh ပမာဏ ဘက်ထရီက 60Hz နဲ့ ဗီဒီယိုဆက်တိုက်ဖွင့်ထားတာကို ၁၉ နာရီကြာ ဖွင့်ထားနိုင်ပြီး ဖုန်းပြောတာကို ၂၇ နာရီ ၃၈ မိနစ်နဲ့ အွန်လိုင်းအသုံးပြုတာကို ၁၁ နာရီနဲ့ ၃၀ မိနစ်နဲ အသုံးပြုနိုင်ပါတယ်။ အားသွင်းစနစ်က USB Type-C အမျိုးအစား ဖြစ်ပါတယ်။ 65W SuperV00C 2.0 အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပြီး ၁၅ မိနစ်အတွင်း ဘက်ထရီပမာဏ ၆၀ ရာခိုင်နှုန်းထိ အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းဆိုရင်တော့ ၃၆ မိနစ်သာ ကြာမယ်လို့ Oppo က ကြေညာထားပါတယ်။
သုံးသပ်ချက်
Reno4 Pro က flagship-level Dual-curved AMOLED Display ၊ အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီစနစ်နဲ့ မြန်ဆန်တဲ့ အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်တဲ့ ဖုန်း Oppo ရဲ့ Upper-midrange ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကင်မရာစနစ်က သူ့ Level တန်းအတွက် ကောင်းမွန်တယ်လို့ ဆိုရမှာဖြစ်ပေမယ့် ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ရုံလောက်ထက် မပိုဘူးလို့ ခံစားရပါတယ်။ သူ့မှာသုံးထားတဲ့ Snapdragon 720G chipset ရဲ့ စွမ်းဆောင်ရည်ပိုင်းက ပြည့်ဝမှုရှိပေမယ့် ပေးရတဲ့ဈေးနဲ့ဆိုရင် ဒီထက် ပိုကောင်းတဲ့ Snapdragon 855 chipset သုံးထားတဲ့ ဖုန်းကို ဈေးကွက်ထဲမှာရနိုင်ပါတယ်။ နောက်ဆုံး သုံးသပ်ရမယ်ဆိုရင်တော့ သင့်အနေနဲ့ ဖုန်းကို မာတီမီဒီယာထုတ်ကုန် တစ်ခုလို သုံးချင်တယ်၊ ဂိမ်းအမုန်းကစားမယ်၊ ဖန်တီးမှုတွေ လုပ်ချင်တယ်ဆိုရင်တော့ ဘက်စုံသုံးဖို့အတွက် စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Reno4 Pro က သုံးရတာ စိတ်ကျေနပ်မှုရှိစေမယ့် ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over All | ![]() |
-ရဲထွဋ်ဝင်း
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««