OPPO Reno4 နှင့် Smart Watch များကို ပြည်တွင်းစျေးကွက်သို့ စတင်မိတ်ဆက်

ဖန်တီးမှု အားကောင်းတဲ့ Portraits ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါ ပိုမိုလွယ်ကူစေပြီး အသုံးပြုသူတိုင်းကို “နေ့မိုက်ညချော” ဆိုတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ဖို့ ပုံဖော်ထားတဲ့ OPPO Reno4 စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်ကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

OPPO Reno4 မှာ 8GB RAM နဲ့ 128GB ROM ပါရှိပြီး Qualcomm Snapdragon 720G Processor ပံ့ပိုးထားပါတယ်။ AI Color Portrait, Night Flare Portrait စတဲ့ ထူးခြားဆန်းသစ်တဲ့ ကင်မရာ Feature တွေအပြင် 960 fps Smart Slow Motion ပါဝင်တာကြောင့် ဓာတ်ပုံနဲ့ ဗီဒီယိုတိုင်းမှာ ဖန်တီးမှုကောင်းမွန်သော ပုံရိပ်တွေနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Galactic Blue နဲ့ Space Black ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။
OPPO Reno4 ကို မြန်မာကျပ်ငွေ ၄၉၉,၉၀၀ ကျပ်နဲ့ ဩဂုတ် ၂၃ ရက် မှ ၂၈ ရက်အထိ Pre-order တွေ စတင် မှာယူနိုင်မှာဖြစ်ပြီး ဩဂုတ် ၃၀ ရက်မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်မိတ်ဆက်လိုက်တဲ့ 46mm OPPO Smart Watch ကတော့ Flexible Dual-curved AMOLED Screen နဲ့ဖြစ်ပြီး အနက်ရောင်နဲ့ ထွက်ရှိလကာ မြန်မာကျပ်ငွေ ၃၁၉,၉၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Black နဲ့ Golden Pink အရောင်တွေနဲ့ ထွက် ရှိလာတဲ့ AMOLED screen, Google OS အပါအဝင် VOOC အမြန်အားသွင်းခြင်းစနစ်ပါဝင်တဲ့ 41mm OPPO Smart Watch ကို မြန်မာကျပ်ငွေ ၂၂၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ OPPO Smart Watch တွေကို ဩဂုတ်၂၃ ရက်မှ ၂၈ ရက်အထိ Pre-order​ တွေနဲ့ စတင်မှာယူနိုင်မှာဖြစ်ပြီး ဩဂုတ် ၃၀ ရက်မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

OPPO Reno4 Pre-order မှာယူသူတွေအနေနဲ့ ပိုက်ဆံပေးစရာမလိုဘဲ ဖုန်းပိုင်ဆိုင်ခွင့်ရရှိနိုင်မယ့် ၁၀၀ ရာခိုင်နှုန်း cash back အစီအစဥ်တွေအပြင် Reno4 Pre-order Card နဲ့ ဖုန်းလာရောက်ထုတ်ယူသူတွေအနေနဲ့ Enco W11 ကို ဝယ်ယူပါက ၁၀,၀၀၀ ကျပ် လျှော့ဈေး၊ Mytel SIM Card အသစ်အသုံးပြုသူတွေကို 10GB Internet Free Data တွေပေးအပ်သွားမှာဖြစ်ပါတယ်။

-အောင်သူ

စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ