OPPO Reno2 F Nebula Green ကို ထပ်မံမိတ်ဆက်

OPPO မှ အစိမ်းရောင်ကို ခရမ်းရောင်ရောင်ပြေးများနဲ့ ရောစပ်ထားတဲ့ Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။

ယခု မိတ်လိုက်တဲ့ Reno2 F Nebula Green (Limited Edition) အရောင်အသစ်မှာ ယခင် မိတ်ဆက်ခဲ့တဲ့ Reno2 F ကဲ့သို့ အလှပဆုံးပုံများကို ဖန်တီးရိုက်ကူးနိုင်မယ့် 48MP Super Quad Camera၊ ညဘက်ဓာတ်ပုံရိုက်ခြင်းကို ကြိုက်နှစ်သက်သူတွေအတွက် Ultra Night Mode 2.0၊ မြင်ကွင်းကျယ်ပုံများကို ရိုက်ကူးနိုင်မယ့် 119° Ultra Wide Angle Lens၊ လှုပ်ရှားနေတဲ့ အချိန်တွေမှာ အကောင်းဆုံးဗီဒီယိုတွေကို ဖန်တီးနိုင်မယ့် Anti-Shake Video နဲ့ ၆.၅ လက်မရှိတဲ့ မျက်နှာပြင်ပြည့် AMOLED Panoramic Screen ပါရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို ဒီဇင်ဘာ ၁၂ ရက် မှ ၁၇ ရက်အထိ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ တန်ဖိုး ၅၃၉,၉၀၀ ကျပ်နဲ့ OPPO ဖုန်းအရောင်းကောင်တာတိုင်းမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူသူတွေကို မေတ္တာလက်ဆောင်အဖြစ် OPPO ခရီးဆောင်အိတ်များကိုလည်း လက်ဆောင်အဖြစ် ပေးအပ်သွားမယ်လို့ သိရပါတယ်။

Reno2 F Nebula Green (Limited Edition ) ကို OPPO Myanmar မှ ၂၀၁၉ ခုနှစ် တစ်နှစ်လုံး လက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ Ambassadors များနဲ့ OPPO ရဲ့ သတင်းများကို စဉ်ဆက်မပြတ် ဖော်ပြပေးခဲ့ကြတဲ့ မိတ်ဖက်မီဒီယာများကို ကျေးဇူးတင်သည့်အနေနဲ့ ကျင်းပပြုလုပ်တဲ့ Nebula Green Night အမည်ရ Ambassadors & Media Thank You Party မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

-အောင်သူ