OPPO Reno2 နှင့် Reno 2F မော်ဒယ်သစ် စမတ်ဖုန်းများကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်

Full focal length Imaging နည်းပညာ ထောက်ပံ့ပါ၀င်ပြီး ကင်မရာ ၄ လုံးတပ်ဆင်ထားတဲ့ OPPO Reno2 နဲ့ Reno 2F မော်ဒယ်သစ် စမတ်ဖုန်းသစ်တွေကို ပြည်တွင်းစျေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

“ဖန်တီးမှုအားကောင်းလှတဲ့ Reno series ရဲ့ အမွေကို ဆက်ခံပြီးတော့ အသုံးပြုသူတွေအတွက် စမတ်ဖုန်းသစ်နှစ်မျိုးဖြစ်တဲ့ OPPO Reno2 နဲ့ Reno2F စမတ်ဖုန်းတွေမှာ ဆန်းသစ်တဲ့ ကင်မရာနည်းပညာ ထိပ်တန်းစွမ်းဆောင်ရည်တွေကို ထည့်သွင်းပေးထားပါတယ်။ ပတ်၀န်းကျင်နဲ့ scenarios ပုံတွေပဲ ရိုက်ရိုက်၊ landscape ပုံတွေကအစ လမ်းကြိုလမ်းကြားတွေ အထိ၊ နေရောင်ခြည်ကောင်းကောင်းရတဲ့ နေရာတွေကအစ အလင်းရောင်နည်းပါးတဲ့ ညတွေအထိ ဘယ်လိုပုံတွေပဲ ရိုက်ရိုက် အကောင်းဆုံးပုံရိပ်တွေကို ရရှိအောင် ဒီဖုန်းတွေက စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်” လို့ OPPO Myanmar ရဲ့ ထုတ်ကုန်မန်နေဂျာ ကိုသန်းအောင်က ပြောပါတယ်။

OPPO Reno2 မှာ 2400x1080p အထိထောက်ပံ့ပေးနိုင်တဲ့ ၆.၅ လက်မ AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှု scree-to-body ratio အနေနဲ့ ၉၃.၁ ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။ Qualcomm SDM730 Snapdragon 730G (8 nm) processorကို ထည့်သွင်းထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုပမာဏ 256GB ပါ၀င်ပါတယ်။ ကျောဘက်မှာ aperture f/1.7 ရှိတဲ့ 48MP ကင်မရာ၊ aperture f/2.2 ရှိတဲ့ 13MP telephoto ကင်မရာ၊ aperture f/2.2 ရှိတဲ့ 8MP ultrawide ကင်မရာ၊ aperture f/2.4 ရှိတဲ့ 2MP B/W ကင်မရာ စုစုပေါင်း ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ aperture f/2.0 ရှိတဲ့ 16MP Motorized Pop-up ကင်မရာကို ငါးမန်းဆူးတောင်ဒီဇိုင်း အနေနဲ့ တပ်ဆင်ထားပါတယ်။ ကင်မရာစနစ်မှာ EIS, OIS, PDAF, 5x Hybrid Zoom, 20x digital Zoom, Ultra Dark mode, Ultra Steady Video စနစ်တွေထောက်ပံ့ပါ၀င်ကာ ၁၁၆ ဒီဂရီမြင်ကွင်းကျယ် ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်သလို ရှေ့ကင်မရာနဲ့ bokeh effect ပါတဲ့ ဗီဒီယိုတွေရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Reno2F မှာတော့ 2340x1080p အထိထောက်ပံ့ပေးနိုင်တဲ့ ၆.၅ လက်မ AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှု scree-to-body ratio အနေနဲ့ ၉၁.၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။ MTK Helio P70 processorကို ထည့်သွင်းထားပြီး RAM 8GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုပမာဏ 128GB ပါ၀င်တယ်လို့ သိရပါတယ်။ ကျောဘက်မှာ aperture f/1.7 ရှိတဲ့ 48MP ကင်မရာ၊ aperture f/2.2 ရှိတဲ့ 8MP ultrawide ကင်မရာ၊ aperture f/2.4 ရှိတဲ့ 2MP B/W ကင်မရာ၊ aperture f/2.4 ရှိတဲ့ 2MP depth ကင်မရာ၊ စုစုပေါင်း ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ aperture f/2.0 ရှိတဲ့ 16MP Motorized Pop-up ကင်မရာကို တပ်ဆင်ထားပါတယ်။ ကင်မရာစနစ်မှာ EIS, PDAF, Ultra Night mode2.0, Anti Shake Video စနစ်တွေထောက်ပံ့ပါ၀င်ကာ ၁၁၆ ဒီဂရီမြင်ကွင်းကျယ် ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

 

ဒီဖုန်းမော်ဒယ် နှစ်မျိုးစလုံးမှာ ဘက်ထရီအနေနဲ့ 4000mAh ဘက်ထရီ ပါ၀င်ပြီး အားသွင်းမြန်ဆန်တဲ့ OPPO ရဲ့ VOOC. 3.0 နည်းပညာ ထောက်ပံ့ပါ၀င်ပါတယ်။ အခြားနည်းပညာတွေအနေနဲ့ under display fingerprint လက်ဗွေစနစ်၊ Dual WiFi စနစ်၊ ဂိမ်းစွမ်းဆောင်ရည်ပိုင်းအတွက် Turbo Boost 2.0၊ Frame Boost 2.0၊ Game Space စတဲ့ လုပ်ဆောင်ချက်များ ထောက်ပံ့ပါ၀င်ပြီး အသံပိုင်းအတွက် Dolby Atmos နှင့် Hi-Res Audio အသံစနစ်တွေ ပါ၀င်ပါတယ်။

Reno2 နဲ့ Reno2F ဖုန်းတွေကို အောက်တိုဘာ ၃၁ ရက်အထိ ကြိုတင်မှာယူစနစ်ဖြင့် ၀ယ်ယူနိုင်မှာဖြစ်ပြီး နို၀င်ဘာလဆန်းမှ ပြည်းတွင်းဈေးကွက်မှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Reno2 ကို ၇၉၉,၉၀၀ ကျပ်၊ Reno2F ကို ၅၂၉,၉၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

-ရဲထွဋ်၀င်း