Oppo R11S ကို နိုဝင်ဘာ ၂ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

အသစ်ထွက်မယ့် Oppo စမတ်ဖုန်း Oppo R11S ကို နိုဝင်ဘာ ၂ ရက် ဘေကျင်းမြို့မှာ ပွဲထုတ်မိတ်ဆက်သွားမယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ဒီစမတ်ဖုန်းသစ်ဟာ ၂၀၁၇ အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ Oppo R11 စမတ်ဖုန်းနေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။

Oppo R11S ကို full-screen display ခေတ်ရေစီးကြောင်းအတိုင်း ပြုလုပ်ထားပြီး ၆ လက်မ display, 18:9 aspect ratio နဲ့ screen resolution 2160 x 1080 pixels ပါဝင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် benchmarking platform AnTuTu မှာ ထွက်ပေါ်လာခဲ့တဲ့ ဖုန်းရဲ့ အချက်အလက်များအရ Qualcomm ရဲ့ Snapdragon 660 mid-range processor နဲ့ Andreno 512 GPU အသုံးပြုထားပြီး RAM က 4GB ဖြစ်ကာ သိုလှောင်မှုပမာဏ 64GB ဖြစ်တယ်လို့ သိရပါတယ်။

ကင်မရာအနေနဲ့ ကျောဘက်မှာ 20-megapixel ပင်မ sensor တစ်ခုနဲ့ 16-megapixel ဒုတိယ sensor တစ်ခု ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 20-megapixel ဖြစ်ပြီး Android 7.1.1 Nougat operating system နဲ့ Color OS UI တို့ကို အသုံးပြုထားပါတယ်။

Chinese Compulsory Certification ဝက်ဘ်ဆိုက်ကတော့ Oppo R11S ကို မော်ဒယ်လေးမျိုးနဲ့ရရှိနိုင်ပြီး 5V 4A fast charging ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo ဟာ အခြား full-screen စမတ်ဖုန်းဖြစ်တဲ့ Oppo F5 ကိုလည်း အောက်တိုဘာ ၂၆ ရက်မှာ ဖိလစ်ပိုင်နိုင်ငံအတွင်း မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

-နောင်နောင်
Ref: GizmoChina