OPPO F9 Pro တြင္ VOOC နဲ႔ ေသးငယ္တဲ့ notch ပါဝင္မည္

[Zawgyi]

OPPO F9 အေၾကာင္းကို ကုမၸဏီရဲ႕ မေလးရွားဌာနခြဲ Twitter စာမ်က္ႏွာေပၚကေန အျမည္းမိတ္ဆက္ခဲ့တဲ့ OPPO ဟာ အဆိုပါ စမတ္ဖုန္းရဲ႕ Pro ေမာ္ဒယ္အေၾကာင္းကိုလည္း ကုမၸဏီရဲ႕ တရားဝင္ဝက္ဘ္စာမ်က္ႏွာေပၚမွာ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီဝက္ဘ္စာမ်က္ႏွာမွာ OPPO F9 Pro ရဲ႕ တရားဝင္ဓာတ္ပံုကို ေဖာ္ျပထားၿပီး ႀတိဂံပံု notch တစ္ခုနဲ႔ VOOC အားသြင္းစနစ္တို႔ကိုလည္း ျပသထားပါတယ္။

OPPO F9 ပံုစံကိုၾကည့္႐ႈရန္

OPPO F9 Pro ရဲ႕ေက်ာဘက္မွာ ကင္မရာႏွစ္ခုကို အလ်ားလိုက္ တပ္ဆင္ထားပါတယ္။ ေက်ာဘက္ panel မွာ အေရာင္က အနီကေန ပန္းေရာင္၊ ပန္းေရာင္ကေန ခရမ္းေရာင္ ေျပာင္းသြားပံုကို ျပသထားပါတယ္။

ဖုန္းရဲ႕ အေရွ႕ဘက္ဒီဇိုင္းကလည္း ဆန္းၾကယ္ပါတယ္။ Display ရဲ႕ထိပ္ဘက္မွာ အရြယ္ေသးငယ္တဲ့ ႀတိဂံပံု notch တစ္ခုကို ျပသထားၿပီး ေဘးဘက္က bezel ေတြကလည္း မရိွသေလာက္ ေသးငယ္တာကို ေတြ႕ရပါတယ္။ ေအာက္ဘက္မွာလည္း ေသးငယ္တဲ့ chin တစ္ခုပါဝင္တာေၾကာင့္ fingerprint scanner ကို ေက်ာဘက္မွာ တပ္ဆင္ထားတယ္လို႔ ယူဆရပါတယ္။

VOOC ဟာ OPPO ရဲ႕ အလြန္လ်င္ျမန္တဲ့ အားသြင္းစနစ္ျဖစ္ပါတယ္။ ဒီအားသြင္းစနစ္ရဲ႕ total output က 20W ျဖစ္ၿပီး မိနစ္ ၃၀ အတြင္း ဘက္ထရီကို အားတစ္ဝက္ သြင္းေပးႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

OPPO F9 အကြောင်းကို ကုမ္ပဏီရဲ့ မလေးရှားဌာနခွဲ Twitter စာမျက်နှာပေါ်ကနေ အမြည်းမိတ်ဆက်ခဲ့တဲ့ OPPO ဟာ အဆိုပါ စမတ်ဖုန်းရဲ့ Pro မော်ဒယ်အကြောင်းကိုလည်း ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီဝက်ဘ်စာမျက်နှာမှာ OPPO F9 Pro ရဲ့ တရားဝင်ဓာတ်ပုံကို ဖော်ပြထားပြီး တြိဂံပုံ notch တစ်ခုနဲ့ VOOC အားသွင်းစနစ်တို့ကိုလည်း ပြသထားပါတယ်။

OPPO F9 ပုံစံကိုကြည့်ရှုရန်

OPPO F9 Pro ရဲ့ကျောဘက်မှာ ကင်မရာနှစ်ခုကို အလျားလိုက် တပ်ဆင်ထားပါတယ်။ ကျောဘက် panel မှာ အရောင်က အနီကနေ ပန်းရောင်၊ ပန်းရောင်ကနေ ခရမ်းရောင် ပြောင်းသွားပုံကို ပြသထားပါတယ်။

ဖုန်းရဲ့ အရှေ့ဘက်ဒီဇိုင်းကလည်း ဆန်းကြယ်ပါတယ်။ Display ရဲ့ထိပ်ဘက်မှာ အရွယ်သေးငယ်တဲ့ တြိဂံပုံ notch တစ်ခုကို ပြသထားပြီး ဘေးဘက်က bezel တွေကလည်း မရှိသလောက် သေးငယ်တာကို တွေ့ရပါတယ်။ အောက်ဘက်မှာလည်း သေးငယ်တဲ့ chin တစ်ခုပါဝင်တာကြောင့် fingerprint scanner ကို ကျောဘက်မှာ တပ်ဆင်ထားတယ်လို့ ယူဆရပါတယ်။

VOOC ဟာ OPPO ရဲ့ အလွန်လျင်မြန်တဲ့ အားသွင်းစနစ်ဖြစ်ပါတယ်။ ဒီအားသွင်းစနစ်ရဲ့ total output က 20W ဖြစ်ပြီး မိနစ် ၃၀ အတွင်း ဘက်ထရီကို အားတစ်ဝက် သွင်းပေးနိုင်တယ်လို့ သိရပါတယ်။

Ref: GSMArena