OPPO f5 Youth စမတ်ဖုန်း စတင်ရောင်းချခြင်း အခမ်းအနားကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ပြုလုပ်

OPPO F5 Youth စမတ်ဖုန်း စတင်ရောင်းချခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စတင်ရောင်းချခြင်းပွဲတွင် OPPO F5 Youth စမတ်ဖုန်း ကြိုတင်မှာယူ ထားသူများအတွက် ဖုန်းအသစ်နှင့်အတူ OPPO မှ ပေးအပ်တဲ့ မေတ္တာလက်ဆောင်တွေကို ပေးအပ်ခဲ့ပြီး “သင့်ရဲ့ စစ်မှန်တဲ့အသွင်ကို ဖမ်းယူလိုက်ပါ” အမည်ရှိ Selfie ဓာတ်ပုံပြိုင်ပွဲ တစ်ခုကိုလည်း ထည့်သွင်းကျင်းပကာ OPPO ရဲ့ Brand Ambassador ဖြစ်သူ ရွှေမှုန်ရတီက အကဲဖြတ်ရွေးချယ်ကာ ဆုရရှိသူတွေကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် လာရောက်အားပေးသူတွေကို ဘန်နီဖြိုး၊ Lil’Z နှင့် ဆိုဖီယာတို့က သီဆိုဖျော်ဖြေခဲ့ကြပြီး ဖုန့်ငွေဖြည့်ကတ် ရရှိနိုင်သည့် အစီအစဉ်၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်များ၊ ဝယ်ယူအားပေးသူများအတွက် ကံစမ်းမဲ အစီအစဉ်များကိုလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

OPPO F5 Youth ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် မိတ်ဆက်ခဲ့ပြီး ကြိုတင်မှယူနိုင်တဲ့ ရက်သတ္တပတ်တွင်း OPPO F5 Youth ကို တစ်ခဲနက်ဝယ်ယူ အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း