OPPO F5 Youth ကို ပြည်တွင်းမှာ စတင်မိတ်ဆက်

မျက်နှာပြင်ပြည့် Display နဲ့ ထုတ်လုပ်ထားတဲ့ OPPO F5 Youth ကို ယခုလ ၂၅ ရက်မှစတင်ကာ ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အဆိုပါ စမတ်ဖုန်းမှာ ၆ လက်မအရွယ်အစား FHD+ panel ကိုအသုံးပြုထားပြီး အမြန်နှုန်း 2.5GHz ရှိတဲ့ Octa-core CPU, 3GB RAM နဲ့ 32GB Internal Memory ထည့်သွင်းအသုံးပြုထားတဲ့အပြင် MicroSD နဲ့ Storage Memory ကို ထပ်တိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 16MP ရှေ့ဘက်ကင်မရာနဲ့ 13MP ရှိ ကျောဘက်ကင်မရာတွေ ပါဝင်ပါတယ်။ ဘက်ထရီကိုတော့ 3200mAh အမျိုးအစား အသုံးပြုထားပါတယ်။ ဒီဖုန်းမှာ နည်းပညာပိုင်းအနေနဲ့ ရှေ့ကင်မရာမှာ AI Beauty Recognition နည်းပညာအပြင် လက်ဗွေလုံခြုံရေးစနစ်နဲ့ မျက်နှာပြင်နဲ့ ဖုန်းကို unlock လုပ်နိုင်တဲ့ Facial unlock နည်းပညာသစ်တွေ ထောက်ပံ့ ပါဝင်ပါတယ်။ အဆိုပါစမတ်ဖုန်းကို ရွှေနဲ့ အမည်းအရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး တန်ဖိုးကတော့ ၃၁၉,ဝဝဝ ကျပ် ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း