OPPO F5 သို့မဟုတ် သင့်အတွက် ပိုမိုအားကောင်းသောရွေးချယ်မှု

OPPO က အသစ်မိတ်ဆက်ပေးထားသည့် OPPO F5 Youth ထုတ်ကုန်၏နောင်တော် version ဖြစ်သော OPPO F5 ကို ယခုဒီဇင်ဘာလအတွင်း မြန်မာပြည်မိုဘိုင်းဈေးကွက်သို့ တင်ပို့ မိတ်ဆက်ပေးသွားတော့မည်ဖြစ်ပြီး ဖုန်း၏စွမ်းဆောင်မှုအပိုင်းနှင့် ကင်မရာပိုင်းတို့တွင် ပိုမိုကောင်းမွန်လာမည်ဖြစ် သည်။ OPPO F5 ထုတ်ကုန်သစ်တွင် မျက်နှာပြင်အပြည့်မြင်ကွင်းကိုခံစားရရှိစေမည့် FullHD+ ရုပ်ထွက်အရည်အသွေး ရှိ 6.0’’ Full Screen ကိုအသုံးပြုပေးထားသည်။ OPPO ၏နောက်ဆုံးနည်းပညာတစ်ရပ်ဖြစ်သော A.I. Beauty Technology ကိုပါထည့်သွင်းပေးထားခြင်းကြောင့် သဘာဝပိုဆန်ပြီး အရောင်းအသွေးပိုမိုပြည့်စုံစေမည့် Selfie ပုံများကို ရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။

OPPO F5 တွင် ကင်မရာပိုင်းအတွက် ပိုမိုကောင်းမွန်သည့် ကင်မရာအမျိုးအစားများဖြစ်  သော 20MP ရုပ်ထွက်အရည်အသွေးရှိရှေ့ကင်မရာနှင့် 16MP ရုပ်ထွက်အရည်အသွေးရှိနောင်ကင်မရာတို့ကိုတပ်ဆင်  ပေးထားခြင်းကြောင့် ပိုမိုအနုစိတ်ကျသည့်ဓာတ်ပုံများကို အလင်းရောင်နည်းပါးသည့်အခြေအနေမှာပင် ဖန်တီးရယူနိုင်  စေမည်ဖြစ်သည်။ ဖုန်း၏ application များအသုံးပြုရာတွင်လည်း RAM 4GB ကိုတိုးမြှင့်အသုံးပြုပေးထားခြင်းကြောင့် ပိုမိုမြန်ဆန် သွက်လပ်စွာအသုံးပြုနိုင်စေသလို Game ကစားရာတွင်လည်း ညက်ညောမှုပိုမိုရရှိစေမည်ဖြစ်သည်။ OPPO F5 ၏ဒီဇိုင်းပိုင်းတွင် F5 Youth နှင့်အနည်းငယ်ကွဲလွဲသွားစေမည့် ငွေရောင်လိုင်း၂လိုင်းကို ဖုန်းနောက်ကျော်ဘက် အ ပေါ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် တစ်လိုင်းစီထည့်သွင်းပေးထားသည့်အတွက် ဖုန်းနောက်ကျောဘက်ကိုကြည့်လိုက် ရုံဖြင့် OPPO F5 မှန်ပိုမိုသိသာစေမည်ဖြစ်သလို ထူးခြားသည့်ဆွဲဆောင်မှုမျိုးကိုပါ ပေးစွမ်းပေးထားသည်။

OPPO F5 တွင် Facial Unlock နည်းပညာများအပြင် Fingerprint လက်ဗွေဖတ်စနစ်နှင့် တခြားသော password, passcode နည်းလမ်းများကိုလည်း ဖုန်း unlock လုပ်စေဖို့အသုံးပြုနိုင်စေမည်ဖြစ်သည်။ ဖုန်းအချက်အလက်သိုလှောင်  နိုင်စေရန် internal storage 32GB ကိုတစ်ပါးတည်းထည့်သွင်းပေးထားပြီး Micro SD ကဒ်မှတစ်ဆင့် 256GB အထိထပ် တိုးအသုံးပြုနိုင်စေမည်ဖြစ်သည်။ OPPO ၏နောက်ဆုံးထုတ် ColorOS Version 3.2 နှင့်အတူ Android OS 7.1 (Nougat) ကိုပါတစ်ပါတည်းအသုံးပြုပေးထားသည်။ OPPO F5 အတွက်လည်း 3200 mAh အမျိုးအစား battery ကိုပါဆက်လက်အသုံးပြုပေးထားမည်ဖြစ်၍ ပုံမှန်အသုံးပြုပါက ၁၂နာရီအထိ ကြာရှည်ခံစေမည်ဖြစ်သည်။ OPPO F5 ဈေးနှုန်းကို သိပ်မကြာခင်တွင် OPPO Myanmar မှကြေ ညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။