OPPO F17 Pro မိတ်ဆက်ပွဲပြုလုပ်မည်

OPPO မှ အားလုံးစောင့်မျှော်နေကြတဲ့ “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” နဲ့ OPPO F17 Pro ကို ယခုလာမယ့် စနေနေ့၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ
အွန်လိုင်းမိတ်ဆက်ပွဲအဖြစ် OPPO Myanmar Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း၊ 7.48mm အပါးလွှာဆုံး ဖုန်းအထူ၊ AI Portrait ကင်မရာ ၆ ခု နဲ့ 30W VOOC Flash Charge 4.0 တို့ ထည့်သွင်းတပ်ဆင်ထားတဲ့ OPPO F17 Pro
မိတ်ဆက်ပွဲအခမ်းအနားကို OPPO Brand Amabassador ပိုင်တံခွန်အပြင် OPPO မိသားစုဝင်တွေဖြစ်တဲ့ Ar-T၊ မေပရေ့စ်၊ Kai နဲ့ TBH Labs ရဲ့ Founder ဖြစ်တဲ့ ကိုအောင်ချမ်းမြေ့တို့မှ ပါဝင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။ Livestream ကြည့်ရင်း အသစ်မိတ်ဆက်သွားမယ့်
OPPO F17 Pro အပါအဝင်၊ OPPO Watch (46mm)၊ OPPO Enco W11 နဲ့ ကျပ် ၆၀၀,၀၀၀ တိတိ တန်ဖိုးရှိ ဖုန်းငွေဖြည့်ကတ်တို့ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတွေ ရယူဖို့
OPPO F17 Pro Online Launch Event ကို Get Reminder လုပ်ထားပြီး စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းတွေကို လက်မလွှတ်တမ်း စောင့်ကြည့်နိုင်ပါတယ်။