OPPO F17 Pro ကို ပြည်တွင်းဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်ပြီ

AI Portrait ကင်မရာ ၆ ခု နဲ့ 30W VOOC Flash Charge 4.0 နည်းပညာပါဝင်တဲ့ OPPO F17 Pro ကို ၃၉၉,၉၀၀ ကျပ်နဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်တွေမှာ စတင် ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

OPPO F17 Pro ကို Shiny Matte ပုံစံနဲ့ ဖန်တီးပြုလုပ်ထားပြီး Magic Blue နဲ့ Matte Black အရောင် အရောင်နှစ်မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူတဲ့အခါမှာ ဘေးတစောင်းလွယ်အိတ် iLike Bag နဲ့ Mytel ဆင်းမ်ကတ်အသစ် အသုံးပြုသူတွေအတွက် 10GB Data Package ကိုလည်းကောင်း၊ Mytel ဆင်းမ်ကတ် အဟောင်း သုံးစွဲနေသူများအတွက် 5GB Data Package ကိုလည်းကောင်း ပေးအပ်သွားမယ်လို့ သိရပါတယ်။

OPPO F17 Pro မှာ ကြီးမားကျယ်ပြန့်တဲ့ 6.43-inch FHD+ Super AMOLED Display ကို အသုံးပြုထားပြီး 4000mAh ဘက်ထရီနဲ့ အတူ 30W VOOC Flash Charge 4.0 နည်းပညာ အသုံးပြုထားတဲ့အတွက် ၅ မိနစ် အားသွင်းရုံနဲ့ ၄ နာရီ ဖုန်းခေါ်ဆိုမှု၊၂၀ မိနစ် အားသွင်းရုံနဲ့ ၅၃ ရာခိုင်းနှုန်း ရောက်အောင် အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အားအပြည့်သွင်းခြင်း အတွက် ၅၃ မိနစ်ခန့်သာ ကြာမယ်လို့ သိရပါတယ်။

OPPO F17 Pro မှာ 48MP Main Camera, 8MP Wide Angle, 2MP Mono နဲ့ 2MP Mono စတဲ့ Rear Camera ၄ လုံး၊ 16MP Main Camera, 2MP Depth Sensor စတဲ့ Front Camera ၂ လုံးတို့ကို အသုံးပြုထားပါတယ်။ 8GB RAM + 128GB ROM နဲ့ဖြစ်ပြီး MediaTek Helio P95 AI Chipset ကို အသုံးပြုထားပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««