OPPO F17 ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်

OPPO F17 စမတ်ဖုန်း ပြည်တွင်းစျေးကွက်သို့ စတင် ဝင်ရောက်လာပြီဖြစ်ပြီး မြန်မာကျပ်ငွေ ၃၃၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အားသွင်းမှုမြန်ဆန်ပြီး ၆.၄၄ လက်မ FHD+ AMOLED Waterdrop Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဖုန်းအနောက်ဘက် ကာဗာကို အဆင့်မြင့် သားရေပုံစံ ခေတ်မီ ဒီဇိုင်းနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ လူငယ်များအကြား ရေပန်းစားနေတဲ့ Dynamic Orange နဲ့ Navy Blue အရောင်ဆိုပြီး နှစ်မျိုးရှိတဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင် ပါတယ်။ OPPO F17 ဝယ်ယူသူတွေကို Mytel Sim Card အသစ် ကိုင်ဆောင်သူများအတွက် Mytel 10GB Data Package ကို လက်ဆောင် ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

OPPO F17 မှာ 16MP Front Camera နဲ့ 16MP Main Camera, 8MP Ultra Wide Angle Lens, 2MP Mono Lens နဲ့ 2MP Mono Lens ဆိုပြီး Rear Camera ၄ လုံးပါရှိကာ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုကို အကောင်းမွန်ဆုံး ရရှိစေဖို့ ဖန်တီးပေးမယ့် AI Dazzle Color၊ Ultra Wide Angle၊ Ultra Clear 108MP Image နဲ့ AI Beautification 2.0 စတဲ့ ထပ်ဆောင်းလုပ်ဆောင်ချက်တွေကို လည်း ထည့်သွင်းပေးထားပါတယ်။

၆.၄၄ လက်မ AMOLED Display မှာ In-display Fingerprint Scanner အပါအဝင် All-day Eye-caring စနစ်နဲ့ Sunlight Screen, Moonlight Screen တို့နဲ့ အားဖြည့်ပေးထားတဲ့ အတွက် နေရောင်အောက်မှာဖြစ်စေ၊ ညမအိပ်မီ ဘေးပတ်ဝန်းကျင် မှောင်နေသော အချိန်မှာဖြစ်စေ Brightness ကို အလိုအလျောက် ထိန်းညှိပေးတဲ့အတွက် သုံးစွဲသူတွေရဲ့ မျက်လုံး ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။ 8GB RAM+128GB ROM Storage နဲ့ဖြစ်ပြီး ဘက်ထရီပိုင်းမှာတော့ 4000mAh နဲ့အတူ 30W VOOC Flash Charge 4.0 ထည့်သွင်းတပ်ဆင်ထားတဲ့ အတွက် မိနစ် ၃၀ အားသွင်းရုံနဲ့ ၇၂ ရာခိုင်နှုန်း အထိ၊ ၅၆ မိနစ် အားသွင်းရုံနဲ့ အားအပြည့်အထိ အချိန်တိုအတွင်း လျင်မြန်စွာအားသွင်းနိုင်မှာဖြစ်ပါတယ်။ ၅ မိနစ် အားသွင်းပြီး ၄ နာရီကြာ ဖုန်းပြောနိုင်တဲ့အပြင် YouTube မှ ဗီဒီယိုတွေကိုလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Super Power Saving Mode နဲ့ Super Nighttime Standby တို့ လည်းပါဝင်လာပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««