OPPO Customer Service က Friendly and Convenient ဆောင်ပုဒ်ဖြင့် ဝန်ဆောင်မှုများကို မြန်ဆန်သွက်လက်စွာထိုးမြှင့်ပေးအပ်ထား

OPPO Myanmar က မြန်မာတစ်နိုင်ငံလုံးရှိ OPPO ဖုန်းသုံးစွဲသူများအတွက် ပိုမို နွေးထွေးသည့်ဆက်ဆံရေးမျိုးပေးအပ်နိုင်စေရန် OPPO Customer Service နှင့်ပူးပေါင်းကာ နာမည်ကြီးအနုပညာ ရှင်များဖြစ်သော ပိုင်တံခွန်နှင့် ပိုင်ဖြိုးသုတို့ကို Customer Relations Ambassador များအဖြစ်ခန့်အပ်ထားပြီဖြစ်သည်။

OPPO ဖုန်းကုမ္ပဏီမှာ မြန်မာနိုင်ငံဈေးကွက်သို့ဝင်ရောက်လာခဲ့သည့်မှာ ၃နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး မြန်မာပြည် တွင်းရှိစမတ်ဖုန်းသုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့်ထုတ်ကုန်များ၊ နည်းပညာဆန်းသစ်မှုများနှင့် ဝန်ဆောင်မှု ကောင်းများကို အစဉ်တစိုက်ကြိုးစားဖြည့်ဆည်းပေးလျက်ရှိသည်။ OPPO ၏မိုဘိုင်းထုတ်ကုန်များအသုံးပြုရာတွင် သုံးစွဲ သူများအဆင်ပြေလွယ်ကူမှုရှိရေးသည် OPPO Customer Service ၏အလေးထားလုပ်ဆောင်လျက်ရှိသည့် ကဏ္ဍတစ် ရပ်ဖြစ်သလို လိုအပ်သည့် hardware နှင့် software ဆိုင်ရာဝန်ဆောင်ပေးမှုများကိုလည်း အမြန်ဆုံးနှင့်အဆင်ပြေဆုံး ဖြစ်စေရန် ပိုမိုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ထို့အတွက်ကြောင့်လည်း OPPO Customer Service အနေဖြင့် ယခု ၂၀၁၇ မှစတင်ကာ Friendly and Convenient ဆောင်ပုဒ်ဖြင့် ဝန်ဆောင်မှုရယူမည့် OPPO ဖုန်းသုံးစွဲသူများအား မိမိ၏မိသားစုမိတ်ဆွေသူငယ်ချင်းများကဲ့သို့ အလေးထားဆက်ဆံပြီးဝန်ဆောင်မှုများပေးအပ်လျက်ရှိသလို စောင့်ဆိုင်းရ သည့်အချိန်အနည်းဆုံးအနေအထားဖြင့် မြန်ဆန်သွက်လက်သောဝန်ဆောင်မှုမျိုးကို တိုးမြှင့်ပေးအပ်လျက်ရှိသည်။ ဝန်ဆောင်မှုရယူမည့် hardware နှင့် software အပေါ်မူတည်ပြီး မိနစ်ပိုင်းမှ နာရီပိုင်းအထိကြာမြှင့်မည်ဖြစ်ကာ အချို့အကြီးစားပြုပြင်မှုများအတွက် တစ်ရက်အတွင်းပြီးစီးအောင် လုပ်ဆောင်ပေးလျက်ရှိသည်။


OPPO Customer Service အမည်ဖြင့် တရားဝင် Facebook Page ကိုလည်းဖွင့်ပေးထားပြီး သက်ဆိုင်ရာ Service Center သို့လာရောက်ရန်ခက်ခဲသူများအတွက် https://www.facebook.com/OPPOMyanmarService/ မှတစ်ဆင့် software ဆိုင်ရာဖြေရှင်းမှုများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO Customer Service အနေဖြင့် လက်ရှိတွင် ရန်ကုန်၊ ပဲခူး၊ မုံရွာ၊ မန္တလေး၊ တောင် ကြီး၊ မြစ်ကြီးနားနှင့် မော်လမြိုင်တို့တွင် Service Center ပေါင်း ၉ ခုနှင့် အခြားပြည်နယ်နှင့်တိုင်းများတွင် Service Point ပေါင်း ၂၆ခု တို့ကို ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးအပ်လျက်ရှိသည်။