Oppo A72 5G ကို တရားဝင်မိတ်ဆက်

Oppo ဟာ ဧပြီလတုန်းက မိတ်ဆက်ခဲ့တဲ့ A72 အတွက် 5G ဗားရှင်းကို မိတ်ဆက်လိုက်ပါတယ်။ Oppo A72 5G မှာ အခြား feature တွေလည်း ပါဝင်လာပါတယ်။

Oppo A72 5G မှာတော့ Dimensity 720 SoC အသုံးပြုထားပေမယ့် 4G ဗားရှင်းမှာတော့ Snapdragon 665 chipset အသုံးပြုထားပါတယ်။ စမတ်ဖုန်းမျက်နှာပြင်အရွယ်ကတော့ ၆.၅ လက်မ FullHD+ LCD အသုံးပြုထားပါတယ်။ A72 5G မှာတော့ 90Hz panel အသုံးပြုထားပြီး 5G မဟုတ်တဲ့ မော်ဒယ်မှာတော့ 60Hz မျက်နှာပြင် အသုံးပြုထားပါတယ်။ 4G မော်ဒယ်မှာတော့ 60Hz မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

A72 ဖုန်းမှာ ဘက်ထရီ 5,000mAh ပါဝင်ပေမယ့် 5G ဗားရှင်းမှာတော့ 4,040mAh ပဲပါဝင်ပြီး USB-C port ကတစ်ဆင့် 18W အထိ အားသွင်းနိုင်ပါတယ်။ Oppo A72 5G ဖုန်းမှာ Android 10 အခြေခံ ColorOS 7.2, Dirac 2.0 အသံမြှင့်တင်ရေး၊ ဘေးဘက်မှာ fingerprint reader နဲ့ 3.5mm နားကြပ်ပေါက် ပါဝင်လာပါတယ်။

A72 5G ဖုန်းအတွက် RAM 8GB နဲ့ storage 128GB ကို ဒေါ်လာ ၂၇၀ ကျသင့်ပါမယ်။ တရုတ်နိုင်ငံမှာ ဖုန်းကို ကြိုတင်မှာယူနိုင်ပြီး ဇူလိုင် ၃၁ ရက်မှာ စတင်ရောင်းချပါမယ်။

-စိုးထက်
Ref: GSMArena