OPPO A52 စမတ်ဖုန်း ပြည်တွင်းစျေးကွက်ဝင်ရောက်

OPPO အမှတ်တံဆိပ် A52 မော်ဒယ် စမတ်ဖုန်း ပြည်တွင်းစျေးကွက် ဝင်ရောက်လာပြီဖြစ်ပါတယ်။

ဖုန်းရဲ့မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မဖြစ်ပြီး Resolution က 1080×2400 Pixels ဖြစ်ပါတယ်။ Octa-Core 2.0GHz CPU နဲ့ RAM 4GB ထည့်သွင်းအသုံးပြုထားပြီး အချက်အလက်သိမ်းဆည်းဖို့အတွက်ကိုတော့ 128GB ထောက်ပံ့ပေးထားပါတယ်။ ကျောဘက်မှာ 12MP, 8MP, 2MP, 2MP ကင်မရာလေးခု ပါဝင်ပြီး ရှေ့ဘက်မှာတော့ 8MP ကင်မရာ ပါဝင်ပါတယ်။ လုံခြုံရေးစနစ်အတွက် ဖုန်းရဲ့ဘေးဘောင်မှာ လက်ဗွေစနစ် တပ်ဆင်ပေးထားပါတယ်။ Android OS 10 အခြေခံစနစ်သုံး Color OS 7.1 အသုံးပြုထားပါတယ်။5000mAh Non-removable ဘက်ထရီ ထည့်သွင်းအသုံးပြုထားတဲ့အတွက် ရုပ်ရှင်ကြည့်ခြင်းနဲ့ ဂိမ်းကစားခြင်းကို အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အရောင်နှစ်မျိုးရရှိနိုင်ပြီး မေ ၁၂ ရက်မှစတင်ကာ ပြည်တွင်းမှာ တန်ဖိုး ၂၉၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။