OPPO A15 ကို ၁၉၉,၉၀၀ ကျပ်ဖြင့်စတင်ဝယ်ယူနိုင်

Triple-Camera ပါဝင်တဲ့ ရုပ်ထွက်အကောင်းဆုံးဖုန်း OPPO A15 ကို မြန်မာနိုင်ငံစျေးကွက်မှာ မြန်မာကျပ်ငွေ ၁၉၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

OPPO A15 ကို Dynamic Black အရောင်ကို Glossy ပုံစံဖြင့်လည်းကောင်း၊ Mystery Blue အရောင်ကို Matte ပုံစံဖြင့် လည်းကောင်း ဝယ်ယူရှိနိုင်မှာဖြစ်ပြီး ဝယ်ယူသူတွေကို Mytel 4GB Data Package ကို လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။ OPPO A15 မှာ ၆.၅၂ လက်မအရွယ်အစားစကရင်နဲ့ အတူ 4230mAh ဘက်ထရီထည့်သွင်း အသုံးပြုထားပြီး လုံခြုံရေးအတွက် Rear Fingerprint Unlock ထည့်သွင်း အသုံးပြုထားပါတယ်။ OPPO A15 မှာ 13MP Main Camera၊ 2MP Macro Camera နဲ့ 2MP Bokeh Camera ဆိုပြီး Rear Triple Camera နဲ့အတူ 5MP Front Camera ပါဝင်လာပါတယ်။

အချက်အလက်တွေသိမ်းဆည်းဖို့ အတွက် 3GB RAM+ 32GB ROM Memory ပါရှိပြီး 256GB Micro-SD နဲ့ ထပ်တိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် MTK P35 Octa-core Processor ပံ့ပိုးထားပါတယ်။ Android 10 အခြေခံထားတဲ့ ColorOS 7.2 ကို ထည့်သွင်းအသုံးပြုထားပြီး 3-Finger Screenshot , Dark Mode နဲ့ Simple Mode လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««