OPPO A12 ကို မြန်မာနိုင်ငံ စျေးကွက်သို့စတင်မိတ်ဆက်

OPPO မှ တန်ဖိုးသင့် စမတ်ဖုန်း OPPO A12 ကို မြန်မာနိုင်ငံစျေးကွက်သို့ စတင်မိတ်ဆက်လိုက်ပါတယ်။

OPPO A12 မှာ CPU Frequency: 2.3 GHz ပါရှိတဲ့ Octa-core processor P35 ကို ထည့်သွင်း အသုံးပြုထားပြီး ဘက်ထရီကိုတော့ 4230mAh အမျိုးအစား ထည့်သွင်းအသုံးပြုထားပါတယ်။စက်ဘီး၊ ဆိုင်ကယ် စီးသူများအတွက် အဆင်ပြေစေတဲ့ RidingMode ၊ ကွဲပြားခြားနားတဲ့ ဝန်ဆောင်မှုများကို တစ်နေရာထဲမှာ ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးတဲ့ Smart Assistant အပြင် ဂိမ်းကစားရာမှာ မိမိ စိတ်ကြိုက် စွမ်းဆောင်ရည်နဲ့ စွမ်းအင်သုံးစွဲမှု ပမာဏကို ဖန်တီးနိုင်တဲ့ Game Space စတဲ့ အသစ် အသစ်သော လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ColorOS 6.1 System ကို အသုံးပြုထားပါတယ်။ 4 GB RAM + 64 GB ROM ပါရှိပြီး ၆.၂၂ လက်မအရွယ် Water Drop Screen နဲ့ဖြစ်ပါတယ်။ 3D စိန်ကွက်ပုံစံ ဒီဇိုင်းနဲ့အတူ ခြစ်ရာမထင် အကြမ်းခံနိုင်တဲ့ အသွင်အပြင်နဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 13MP Main Camera + 2MP Depth Camera တို့ကို အသုံးပြုထားပြီး ရှေ့ဘက်မှာတော့ 5MP Camera အသုံးပြုထားပါတယ်။ ပုံရိပ်များရဲ့ အရောင်အသွေးတွေကို Pixel-mapping Algorithm နဲ့အတူ ပိုမို စိုပြည်တောက်ပစေမယ့် Dazzle Color Mode၊ မည်သည့် နောက်ခံ background မှာမဆို လှပတဲ့ ရှေ့ကြည် နောက်ဝါး ပုံရိပ်တွေ ရရှိစေမယ့် Portrait Bokeh နဲ့ ကျား ၊ မ၊ အသက်၊ အသားအရောင်၊ မျက်နှာ ထူးခြားချက်တို့ကို AI နည်းပညာတို့နဲ့ စနစ်တကျ တွက်ချက်ပေးပြီး သဘာဝဆန်ဆန်နဲ့ ပိုမိုလှပတဲ့ ပုံရိပ်များ ရိုက်ကူးပေးတဲ့ AI Beautification စတဲ့ လုပ်ဆောင်ချက်တွေပါရှိပါတယ်။ ဗီဒီယိုအတိုများ၊ Vlog များ ရိုက်ကူးတည်းဖြတ်ရာမှာ Material တွေ၊ Template တွေအစုံအလင်နဲ့ စက္ကန့် ၂၀ အတွင်း လွယ်ကူလျင်မြန်စွာ တည်းဖြတ်ပြီး စိတ်ဝင်စားဖွယ် အရည်အသွေးကောင်းမွန်တဲ့ Vlog တွေကို ဖန်တီးနိုင်တဲ့ Soloop Editor လည်း ပါဝင်ပါတယ်။ Screen to Body Ratio က 88.3% ဖြစ်ပြီး OPPO ရဲ့ အဆင့်မြင့် Facial Recognition နည်းပညာကို အသုံးပြုထားတာကြောင့် မျက်နှာကို တိကျသေချာစွာ ဖတ်ပြီး 0.08s အတွင်း ဖုန်းကို Unlock ပေးနိုင်တဲ့ AI Facial Unlock နဲ့ လက်တင်လိုက်ရုံနဲ့ Lock ဖွင့်ပေးနိုင်တဲ့ Fingerprint Unlock ဆိုပြီး Unlock စနစ်(၂) မျိုး ပါရှိပါတယ်။

အနက်ရောင်ဒီဇိုင်းနဲ့ လူငယ်ဆန်တဲ့ အပြာရောင်ဒီဇိုင်းဆိုပြီး အရောင် (၂) မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၂၂၉,၉၀၀ ကျပ်ဖြစ်ပြီး မေ ၅ ရက်မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်တွေနဲ့ shop.com.mm တို့မှာ ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။