
Price – 299,900 Ks (4/128GB)
အားသာချက်
နှစ်ရက်လောက် အသာလေးအသုံးပြုနိုင်တဲ့ ဘက်ထရီ၊ ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ကင်မရာ၊ ကာလာပိုင်းစိုပြည်လှတဲ့ Display မျက်နှာပြင်၊ မြန်ဆန်ကောင်းမွန်တဲ့ လက်ဗွေစနစ်နဲ့ ၃ သိန်းဝန်းကျင်နဲ့ ကင်မရာလေးလုံးပါတဲ့ ဖုန်းတစ်လုံးဖြစ်နေတာက ဒီဖုန်းရဲ့ အားသာချက်တွေပါ။
အားနည်းချက်
ကင်မရာစနစ်ရဲ့ shutter က အနည်းငယ် နှေးတယ်လို့ခံစားရတာ၊ CPU ရဲ့စွမ်းဆောင်ရည်ပိုင်းက သုံးရင်းနဲ့ နှေးသွားသလိုဖြစ်တာနဲ့ ColorOS ပိုင်းမှာ permission နဲ့ပတ်သက်တဲ့ များစွာသော ခွင့်ပြုချက်တွေ တောင်းဆိုတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
Oppo A52 မှာ Qualcomm Snapdragon 665 processor ၊ Adreno 610 GPU စနစ်၊ RAM 4GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ Snapdragon 665 က သူ့ရဲ့တန်ဖိုးနဲ့ကိုက်ညီမှုရှိတဲ့ စွမ်းဆာင်ရည်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်သလို ပါဝါသုံးစွဲမှုပိုင်း လျော့နည်းပေမယ့် Geekbench 5 CPU စမ်းသပ်မှုရမှတ်တွေကတော့ ပြိုင်ဘက်မော်ဒယ်တွေရဲ့ အထက်ကို ရောက်အောင်တော့ မစွမ်းဆောင်နိုင်ပါဘူး။ CPU Multi Core ရမှတ် ၁၂၉၉ နဲ့ 3DMark Slingshot Extreme ရမှတ် ၁၁၃၄ ရှိပါတယ်။ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို အသုံးပြုနိုင်ပေမယ့် running app တွေ နောက်ကွယ်မှာ များလာတဲ့အခါမျိုးမှာတော့ အနည်းငယ် နှေးတာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒီဖုန်းမှာ Android 10 အခြေခံ ColorOS 7.1 ကို အသုံးပြုထားပြီး လုံခြုံရေးဆိုင်ရာ လက်ဗွေစနစ်နဲ့ Face-unlock စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
3D ထောင့်ကွေးဘောင် ဒီဇိုင်းနဲ့ ကျောဘက်ကင်မရာလေးလုံး တပ်ဆင်ထားမှု ပုံစံတွေက ပရီမီယံဆန်တယ်လို့ ခံစားရမှာဖြစ်သလို လက်ထဲမှာ ကိုင်ရတာလည်း အံဝင်ခွင်ကျရှိလှပါတယ်။ ရှေ့ဘက် selfie ကင်မရာကို Screen ထဲမှာ ထည့်သွင်းတားသလို လက်ဗွေစနစ်ကိုလည်း ညာဘက် ဘေးဘောင်ထဲမှာ ပါဝါခလုတ်နဲ့ တွဲဖက် ထည့်သွင်းထားပါတယ်။ ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ သူရဲ့ အောက်ဘက်နားမှာ အသံ အတိုးအကျယ်ခလုတ်တွေ ရှိပါတယ်။ အောက်ဘက်ဘောင်ထဲမှာတော့ USB-C အားသွင်းပေါက်၊ စပီကာနဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။
ဒီဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားက ၆.၃ လက်မရှိပြီး LTPS IPS LCD Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၄ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 405ppi ရှိပါတယ်။ Display ရဲ့ ရုပ်ထွက်ကာလာ contrast ပိုင်းကောင်းမွန်သလို နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness တောက်ပမှုပိုင်းကျေနပ်စရာပါ။
ကင်မရာ
|
|
|
|
|
|
|
Oppo A52 ရဲ့ ကျောဘက်မှာ PDAF နည်းပညာထောက်ပံ့ပါဝင်တဲ့ အဓိက 12MP ကင်မရာ၊ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာ၊ အနုစိတ်ရိုက်ကူးနိုင်တဲ့ 2MP macro ကင်မရာနဲ့ နောက်ခံဝါးဝါး Potrait ပုံတွေရိုက်ကူးနိုင်မယ့် 2MP depth ကင်မရာ စုစုပေါင်း လေးလုံးပါဝင်ပါတယ်။ ကျောဘက်ကင်မရာနဲ့ 4K အရည်အသွေးဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးထားရှိ ရိုက်ကူးနိုင်မှာဖြစ်သလို ဗီဒီယိုရိုက်ကူးမှုအတွက် stabilization စနစ် ထောက်ပံ့ပါဝင်ပါတယ်။ AI ကင်မရာလေးလုံးက ရုပ်ထွက်ကောင်းမွန်လှတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပေမယ့် shutter က သိပ်မမြန်တဲ့အတွက် ရုတ်တရက် လျှပ်တစ်ပြက် ဓာတ်ပုံရိုက်ကူးမှုတွေ အတွက်ကတော့ သိပ်အဆင်ပြေလှမှာ မဟုတ်ပါဘူး။ ညပိုင်းရိုက်ကူးမှုအတွက် night mode ထောက်ပံ့ပါဝင်ပြီး night mode အသုံးပြုရိုက်ကူးမှုက အလင်းအားနည်းတဲ့ အခြေအနေမှာ night mode မပါဘဲ ရိုက်ကူးမှုထက် ပိုမိုတိကျပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပေမယ့် ကာလာစိုပြည်မှုပိုင်းကတော့ အနည်းငယ် ဖျော့တော့သွားတယ်လို့ မြင်ပါတယ်။ 16MP selfie ကင်မရာကတော့ Screen ထဲမှာ Hole punch ပုံစံ တပ်ဆင်ထားပြီး အပြင်ဘက် outdoor နဲ့ အတွင်းပိုင်း indoor ရိုက်ကူးမှုအတွက် ကျေနပ်စရာကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီ
|
|
|
|
ဒီဖုန်းမှာ ကြီးမားတဲ့ 5000 mAh ဘက်ထရီကို ထည့်သွင်းထားပြီး 18W fast charging အားသွင်းမြန်ဆန်တဲ့ နည်းပညာလည်း ထောက်ပံ့ပါဝင်ပါတယ်။ မြင်ကွင်းတောက်ပမှု အမြင့်ဆုံးနဲ့ YouTube ဗီဒီယို တစ်နာရီကြာ ဖွင့်ထားတာကို ဘက်ထရီက ၁၀ ရာခိုင်နှုန်းလောက်သာ ကုန်တာတွေ့ရပါတယ်။ Oppo ကတော့ အားအပြည့်သွင်းထားမယ်ဆိုရင် ပုံမှန်နေ့စဉ်အသုံးပြုနေကျအတိုင်း ဖုန်းသုံးတာမျိုးကို နှစ်ရက်အပြည့် အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ USB Type-C အမျိုးအစားဖြစ်ပြီး USB OTG စနစ်လည်း ထောက်ပံ့ပါဝင်မှာ ဖြစ်ပါတယ်။
သုံးသပ်ချက်
အလယ်အလတ်အမျိုးအစား ဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်တဲ့ Oppo A52 က ဘက်ထရီကြာကြာ အသုံးခံသလို ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိပါတယ်။ AI ကင်မရာလေးလုံးနဲ့ ရှေ့ကင်မရာကို hole punch စတိုင်ထည့်ပေးထားတာက နောက်ဆုံးပေါ် flagship ပုံစံဖုန်းကို ကိုင်ရသလို ခံစားရမှာပါ။ လက်ဗွေစနစ်ကို ပါဝါခလုတ်နဲ့တွဲဖက်ပြီး ဘေးဘောင်ထဲ ထည့်ပေးထားတာက သပ်ရပ်ကောင်းမွန်ပေမယ့် သူ့ဈေးအရဆိုရင်တော့ အခြားပြိုင်ဘက်ဖုန်းတွေမှာ under display လက်ဗွေနဲ့ ရရှိနိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းက ပုံမှန်အသုံးပြုမှုအတွက် မြန်ဆန်ကောင်းမွန်မှုရှိပေမယ့် app တွေ သုံး၊ လေး၊ ငါးခုလောက် ဖွင့်လိုက်ပိတ်လိုက် သုံးမိမယ်ဆိုရင်တော့ ဖုန်းအနည်းငယ် လေးလံတာမျိုးတွေ ကြုံတွေနိုင်တဲ့ အတွက် ဒီဖုန်းက အလယ်အလတ်တန်း ဘတ်ဂျက်ဖုန်းအဖြစ် ရွေးချယ်ဖို့ခက်စေမှာပါ။ ဒါပေမဲ့ မြင်ကွင်းကြီးမားပြီး ဘက်ထရီနဲ့ နှစ်ရက်လောက်သုံးနိုင်တဲ့ ဒီဖုန်းက တန်ဖိုးသင့် ကင်မရာစနစ်မြင့်မားကောင်းမွန်တဲ့ ဖုန်းသုံးချင်သူတွေ၊ စတိုင်ကျပြီး ဒီဇိုင်းလှတဲ့ ဖုန်းကို ကိုင်ချင်သူတွေနဲ့ ဖုန်းကို တစ်ကိုယ်ရေ ဖျော်ဖြေမှုမာတီမီဒီယာ အဓိကထားသုံးချင်သူတွေ အတွက်တော့ ကျပ်သုံးသိန်းဝန်းကျင် ဒီဖုန်းက ထိပ်တန်းရွေးချယ်စရာ ဖုန်းတစ်လုံးလို့ ဆိုချင်ပါတယ်။
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over All | ![]() |
-ရဲထွဋ်ဝင်း