OPPO သုံးစွဲသူများအတွက် OPPO 1 Hour Flash Fix အစီအစဉ်ကို မိတ်ဆက်

OPPO မှ ဝယ်ယူသုံးစွဲသူတွေအတွက် ဖုန်းပြင်ဆင်မှုများ ပိုမို အဆင်ပြေစေဖို့ တစ်မူထူးခြားတဲ့ ဝန်ဆောင်မူအသစ် ဖြစ်တဲ့ OPPO 1 Hour Flash Fix (တစ်နာရီ အမြန်ပြုပြင်မှု) အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ အစီအစဉ်ကို စမ်းသပ်ပြုလုပ်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၄ ရက်မှာ တရားဝင် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်နာရီအတွင်း အရည်အသွေးကောင်းပြီး မြန်ဆန်တဲ့ Hardware နဲ့ Software ပိုင်း ဖုန်းပြုပြင်မှုတွေကို သက်သောင့်သက်သာနဲ့ ရရှိနိုင်မှာဖြစ်ပြီး အကယ်၍ OPPO Service Center ဘက်မှ အကြောင်းတစ်ခုခုကြောင့် တစ်နာရီအတွင်း မပြီးနိုင်သော အခြေအနေများရှိခဲ့ပါက OPPO မှ လက်ဆောင်များ ပြန်လည်ပေးအပ်သွား မှာ ဖြစ်တယ်လို့သိရပါတယ်။ တစ်နာရီ အမြန်ပြုပြင်မှုကို မြန်မာနိုင်ငံရဲ့ မြို့ကြီးများရှိ OPPO Service Center (၁၁) ခုမှာ (တနင်္လာနေ့ မှ စနေနေ့အထိ ရုံးချိန်အတွင်း) ရရှိမှာဖြစ်ပြီး တနင်္ဂနွေနေ့တွေမှာ ဖုန်းပြုပြင်လိုသူတွေ အနေနဲ့ ရန်ကုန်မြို့ လသာမြို့နယ် Service Centre မှာ ဝန်ဆောင်မှုများ ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဝန်ဆောင်မှုရရှိနိုင်တဲ့ နေရာတွေကတော့ OPPO Yangon Myaynigone Service Center, OPPO Yangon Latha Service Center, OPPO Yangon Thingangyun Service Center, OPPO Bago Service Center, OPPO Magway Service Center, OPPO Mandalay Service Center – II, OPPO Mawlamyine Service Center, OPPO Monywa Service Center, OPPO Muse Service Center, OPPO Myitkyina Service Center, OPPO Taunggyi Service Center တွေပဲဖြစ်ပါတယ်။

ဖုန်းရဲ့ IMEI နံပါတ်နှင့်အတူ OPPO Official Website (https://www.oppo.com/mm/) မှာ ကျန်ရှိနေသော Warranty ကာလ၊ ဖုန်းပြင်ဆင်မှု အခြေအနေ၊ ဖုန်းပြင်ဆင်ပြီးမြောက်မည့် အချိန်တို့ကို အလွယ်တကူ စစ်ဆေးသိရှိနိုင်မှာ ဖြစ်တဲ့အပြင် ပြင်ဆင်ရာမှာ လိုအပ်သော ဖုန်းအပိုပစ္စည်းတွေရဲ့ စျေးနှုန်းတွေကိုလည်း ဖော်ပြထားပါတယ်။

-သန္တာ