OPPO ရဲ့ screen အပြည့်ပါတဲ့ ပထမဆုံး စမတ်ဖုန်း OPPO F5 ကို အောက်တိုဘာလတွင် မိတ်ဆက်မည်

ကုမ္ပဏီရဲ့ ပထမဆုံး screen အပြည့် စမတ်ဖုန်းဖြစ်တဲ့ OPPO F5 ကို အောက်တိုဘာ ၂၆ ရက်မှာ မိတ်ဆက်မယ်လို့ OPPO က အတည်ပြုလိုက်ပါတယ်။ OPPO ရဲ့ “selfie expert” စီးရီးတွေထဲက နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်တဲ့ OPPO F5 ကို အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဟန်းဆက်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

OPPO ဟာ F5 နဲ့ပတ်သက်တဲ့ အချက်အလက်အနည်းငယ်ကိုသာ ထုတ်ပြန်ထားပြီး အဲ့ဒီဟန်းဆက်မှာ FHD+ (2160 x 1080 resolution) display နဲ့ AI beauty recognition နည်းပညာ ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

F5 မှာ “beautify” selfie ရိုက်ချက်တွေအတွက် AI ကို အသုံးပြုထားတဲ့အတွက် subject တစ်ခုရဲ့ ထူးခြားတဲ့ မျက်နှာသွင်ပြင်တွေကို လေ့လာနိုင်ပြီး မျက်နှာအမူအရာတွေနဲ့ ဓာတ်ပုံရိုက်တဲ့ ရှုထောင်တို့ကို ဂရုစိုက်စရာမလိုဘဲ ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးကို ပိုကောင်းအောင် ပြုလုပ်ပေးနိုင်တ ယ်လို့ OPPO က ဆိုပါတယ်။

F5 ရဲ့ ဈေးနှုန်း၊ အချက်အလက်တွေနဲ့ ဖြန့်ချိရောင်းချမယ့်ရက် အသေးစိတ်ကိုတော့ အောက်တိုဘာ ၂၆ ရက်မှာ သိရှိရမှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: AndroidAuthority