OPPO မှ Reno4 ကို သြဂုတ် ၂၂ ရက်တွင် ပြည်တွင်းစျေးကွက်သို့ တရားဝင်မိတ်ဆက်မည်

OPPO Reno4 စမတ်ဖုန်းနဲ့ OPPO Smart Watch ကို သြဂုတ် ၂၂ ရက်မှာ ပြည်တွင်းစျေးကွက်ကို တရားဝင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။

မိတ်ဆက်ပွဲကို သြဂုတ် ၂၂ ရက်၊ မြန်မာစံတော်ချိန် ည‌ ၆ နာရီ အချိန်မှာ OPPO Myanmar Facebook Page ဖြစ်တဲ့ www.facebook.com/oppomyanmar/ ၊ Channel 7 နဲ့ Pyone Play တို့ကနေ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Brand Ambassadors တွေဖြစ်တဲ့ ဝတ်မှုံရွှေရည်၊ ပိုင်ဖြိုးသု၊ ပိုင်တံခွန် တို့နှင့်အတူ OPPO မိသားစု အနုပညာရှင်တွေဖြစ်တဲ့ မင်းသွေးခန့်၊ ဟန်နီနွေဦး တို့ရဲ့ ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဥ်တွေ၊ Big Bag Band နဲ့ လွှမ်းပိုင်တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ အပြင် Project K အဖွဲ့သားတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားမှာ OPPO Myanmar Facebook Page မှ Livestream ကြည့်ရှုနေကြတဲ့ Ofans တွေအတွက် ကံထူးနိုင်မယ့် အထူးအစီအစဥ်တွေကို ထည့်သွင်းသွားမှာဖြစ်ပြီး Live ကြည့်ရှုနေကြတဲ့ Ofans တွေအနေနဲ့ OPPO Facebook Page ရဲ့ Messenger မှ OPPO Reno4 Launch Event Livestream Campaign ထဲသို့ဝင်ပြီး မတူညီတဲ့ မေးခွန်း (၅) ခုကို ည ၁၂ နာရီ မတိုင်ခင် ဖြေဆိုပေးရမှာဖြစ်ပြီး မေးခွန်းအားလုံးကို ဖြေဆိုနိုင်သူတွေထဲမှ တစ်ယောက်ကို မဲနှိုက်ကာ OPPO Reno4 စမတ်ဖုန်း အသစ် တစ်လုံး၊ Messenger မှာ လာရောက်ဖြေဆိုသူ အားလုံးများမှ ကံထူးရှင် ၁၀ ဦးကို ရွေးချယ်ကာ OPPO Enco W11 နားကြပ် ၁၀ ခု ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Peak Viewer Challenge အစီအစဥ်သစ်ကို ထည့်သွင်းထားပြီး အဆိုပါအစီအစဉ်မှာ Live ကြည့်ရှုနေသူ 10K တက်တိုင်းမှာ Phone Bill မဲဖောက်ပေးသွားမှာဖြစ်ပြီး ကြည့်ရှုသူ 10K ရောက်ပါက ၁၀,၀၀၀ ကျပ်တန် Phone Bill ၁၀ ခု၊ 20K ရောက်ပါက ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၂၀ နဲ့ 30K ရောက်ပါက ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၃၀ ကို မဲဖောက်ပေးမှာ ဖြစ်ပါတယ်။

-အောင်သူ